Part 17

5.3K 320 11
                                    

Unicode

မနက်ပိုင်းနေလုံးကြီးက တဖြည်းဖြည်းနဲ့ရွေ့လျားနေ၏။ အခန်းထဲက စောင်ပုံအောက်မှာ လူနှစ်ယောက်ကတော့ မနိုးသေးပဲ အိပ်မောကျနေဆဲ။ သူတို့အိပ်ချိန်က မနက် ဘယ်နှနာရီမှန်းတောင်မသိပေ။ ဖေဖော်ဝါရီလရဲ့ မနက်ခင်းက အိပ်လို့ကောင်းတာဖြစ်ပြီး သူတို့အိပ်ချိန်က ကွေးလို့ကောင်းမယ့်အချိန်မှ အိပ်မိသွားတာကြောင့် အေးအေးဆေးဆေးဖြစ်နေသလို သူတို့ထလည်းမထနိုင်ကြပေ။ တစ်ဖက် စားပွဲပေါ်က ဖုန်းက တဒူဒူမြည်နေပေမယ့် ကိုင်မယ့်သူမရှိသလို အိပ်ပျော်နေတဲ့နှစ်ယောက်လုံးက ဖုန်းသံက ထိုးမဖောက်နိုင်။

အင်း..

မြန်မာ မှောက်ရက်ကြီးအိပ်နေရာက ခေါင်းကိုတစ်ဖက်စောင်းဖို့လုပ်လိုက်သည်။ ခေါင်းက တစ်ဖက်စောင်းလို့ရပေမယ့် သူ့ခန္ဓာကိုယ်ကတော့ တစ်ခုခုကို သယ်ပိုးထားနေရ၏။ ဒါပေမယ့် အိပ်ချင်စိတ်နဲ့ သယ်ပိုးထားရတဲ့အရာကို ဖယ်ဖို့အစီအစဉ်မရှိ။ သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ ဘာမှန်းမသိတဲ့ အရာက သူ့ကိုနွေးစေပြီး ထပ်အိပ်ဖို့ တိုက်တွန်းနေသည်။ ဒါပေမယ့် မိနစ်အနည်းငယ်ပဲ ပြန်အိပ်ပျော်သွားပြီး ပြန်နိုးလာတော့၏။ အဲ့တော့မှာ သူ့ခန္ဓာကိုယ်ပေါ်က ဘာမှန်းမသိတဲ့အရာကို ဖယ်ဖို့လုပ်ရသည်။ ကုန်းထဖို့ ကြိုးစားပေမယ့် မရပေ။ သူ့အပေါ်ပိုင်း တစ်ပိုင်းလုံးကို နေရာယူထားတာဖြစ်သည်။ ခါးနေရာကို ဗဟိုပြုပြီး တင်ထားပုံရ၏။ အောက်ပိုင်းကိုလှုပ်ဖို့ ကြိုးစားတော့မှာ စူးအောင့်လာတော့၏။

ဟင်း..

မျက်ခုံးတွေ တွန့်ချိုးပြီး ညည်းငြူလိုက်သည်။ ဘာဖြစ်လို့ သူ့အောက်ပိုင်း တစ်နေရာက စူးအောင့်နေရတာလဲ။ မျက်လုံးတွေဖွင့်ကြည့်ပြီး အစိမ်းသက်သက် ပတ်ဝန်းကျင်ကြောင့် သူဖြစ်ပျက်သွားတဲ့ ကိစ္စတွေအားလုံးကို မှတ်မိသွားတော့သည်။ ဒီကောင် အရိုင်းအစိုင်းက သူ့ကို လုပ်သွားတာ။

“ရေးဇိန်မင်းထင် ထစမ်း”

အသံကနာနေသံပေါက်ပြီး ခပ်အက်အက်ဖြစ်နေသည်။ ဘယ်လိုတောင်သူ့ကိုဖိပြီးအိပ်နေရတာလဲ။ မှောက်အိပ်နေတဲ့သူ့အပေါ်မှာ ထပ်ပြီးမှောက်အိပ်နေတာ။ တစ်ကိုယ်လုံးတက်မဖိထားတာကိုပဲ ကျေးဇူးတင်ရတော့မလိုလို။ သူ့ခါးကို မျက်နှာအပ်ပြီး မှောက်အိပ်နေတာဖြစ်ပြီး သူ့ကျောပေါ်မှာ ဒီကောင်လက်တွေ။

DUSK TILL DOWN [Complete] U & ZDonde viven las historias. Descúbrelo ahora