Part 19

4.9K 317 8
                                    

Unicode

ရုံးပြန်တက်လာတဲ့ MD ကိုလူတိုင်းက ခိုးခိုးကြည့်ကြသည်။ သူတို့အားလုံးသိချင်နေတာတစ်ခုရှိ၏။ နာမည်ကြီးနေတဲ့ ရေးဇိန်မင်းထင်က Top ဆိုတာသူတို့အားလုံးသိထားတာဖြစ်ပြီး သူတို့ MD နဲ့ဆို ဘယ်သူအပေါ်လဲ သိချင်နေတာဖြစ်သည်။ MD ကလည်း အောက်မှာနေမယ့်လူမျိုး မဟုတ်။ ဒါပေမယ့် MD ကြည့်ရတာ ယိုင်နဲ့သွားခြင်းမရှိသလို အကောင်းကြီး။ ဘယ်ဟာကို ဘယ်လိုဆုံးဖြတ်ရမလဲ မသိတော့ပေမယ့် သူတို့သိချင်နေတဲ့ကိစ္စကိုလည်း သိချင်စိတ်က မရပ်ပေ။ ဘယ်သူ့သွားမေးလို့မေးရမှန်းလည်းမသိ။

“ကိုဂုဏ် အဆင်ပြေရဲ့လား”

“အင်း”

“ကိုဂုဏ်နဲ့ရေးဇိန်မင်းထင်ကြားမှာ ဘာမှဖြစ်မသွားဘူးမလားဟင်”

“ကိုယ်တို့ ဒါတွေကိုနောက်မှပြောကြမယ်၊ အခု အလုပ်ထဲမှာမလား”

ဒါက ခေါင်းစဉ်ပြောင်းပေးလိုက်လို့ကောင်းတဲ့အရာဖြစ်သည်။ ဘုံ မေးလာတဲ့စကားကို ဖြေဖို့အဖြေအဆင်သင့်ရှိနေပေမယ့် ချက်ချင်းပြောလို့ မကောင်းသလို စဉ်းစားပြီးပြောရမယ့် စကားတွေအများကြီးရှိသည်။ ရေးဇိန်မင်းထင်နဲ့ မင်္ဂလာပွဲပြီးမှ ပြောင်းလဲ လာတဲ့ကိစ္စတွေကို သူ့ကိုလူတိုင်းသိသွားသလို ကုမ္ပဏီမှာ မထီမဲ့ပြင်ပြုနေတဲ့ ဒါရိုက်တာတွေအားလုံး ရိုကျိုးသွားတာဖြစ်သည်။ လမ်းတွေ့ရင်တောင် ရွဲ့ရယ်ပြီး ကြည့်ကြတဲ့သူတွေက တရိုတသေ လာနှုတ်ဆက်ကြကုန်တာဖြစ်၏။ လူတွေက အပြောင်းအလဲ မြန်သည်၊ ကြောက်ဖို့ကောင်းသည်။

ဘုံကတော့ သူ့စကားကိုရှောင်ဖယ်သွားတဲ့ ကိုကို့ကြောင့် တစ်မျိုးဖြစ်သွားသည်။ မင်္ဂလာပွဲညက သူဖုန်းခေါ်သေးတာဖြစ်ပြီး ကိုကိုမကိုင်ခဲ့သလို ပြန်လဲမဆက်ခဲ့။ ဒါက ဘာကိုညွှန်ပြနေတာလဲ ရိပ်မိနေပေမယ့် ဖြစ်ခဲ့လား မဖြစ်ခဲ့ဘူးလား တစ်ယောက်ယောက်ကပြောပြဖို့လိုနေသည်။ နေ့လည်ရောက်တာနဲ့ အရင်လို့ ကိုကို့အတွက်ထမင်းထည့်လာပေမယ့် မတူတော့တာက နေ့လည်ဘက် တစ်ယောက်ယောက်က ကိုကို့အတွက် နေ့လည်စာ လာပို့တော့သည်။ Reception မှာထားခဲ့တဲ့ ထမင်းဘူးမှာ ကိုယ့်ရဲ့မြန်မာ နေ့လည်စာ စားကောင်းပါစေ ကိုယ့်ကိုလွမ်းနေနော်တဲ့။ ဒါက ပြေးကြည့်စရာမလိုအောင် ရေးဇိန်မင်းထင် ပို့လိုက်မှန်းလူတိုင်းသိသည်။ သူကိုယ်တိုင်ချက်ပေးတာမဟုတ်ပေမယ့် မှာပြီးပို့ပေးထားတာဖြစ်သည်။
ကိုကို့ကို နေ့လည်စာရောက်နေကြောင်း အကြောင်းလာကြားတုန်းကဆိုရင် ဝန်ထမ်းတွေ မျက်နှာဆိုတာ ပြုံးရွှင်နေတာဖြစ်သည်။ သကာရည် လောင်းထားသလိုပင်။ ကိုကို့ကိုကြည့်ရတာလဲ အနေခက်နေသလိုဖြစ်နေ၏။

DUSK TILL DOWN [Complete] U & ZTempat cerita menjadi hidup. Temukan sekarang