Part 2

7K 355 4
                                    

Unicode


“ကိုကို ဒါ ကျွန်တော့်သူငယ်ချင်းတွေ”

ဖိုးဖိုးအိမ်မှာပြန်နေရင်း မင်းခန့်ထည်နဲ့ဘားကိုထွက်လာတာဖြစ်ပြီး လက်ရှိတွဲနေတဲ့ ရည်းစားဖြစ်သူက ရောက်ချလာတာဖြစ်သည်။ ရောက်လာတော့လည်း တစ်ယောက်ထဲမဟုတ်ပဲ သူငယ်ချင်းတွေကိုခေါ်လာပြီး မိတ်ဆက်ပေးနေသေးတာဖြစ်၏။ သူ့သူငယ်ချင်းတွေဆိုတာလည်း သူ့ကိုစပ်စုတဲ့အကြည့်တွေနဲ့ကြည့်လာနေတာ။

“အင်း မင်းသူငယ်ချင်းတွေ တစ်ခုခုမှာပေးလိုက်လေ”

တစ်ဖက်က ဇိန်ရဲ့တွဲနေသူကတော့ ပြုံးပျော်လိုက်ပြီး သူငယ်ချင်းတွေကို ဧည့်ခံနေ၏။ သူငယ်ချင်းဖြစ်သူက ရေးဇိန်မင်းထင်နဲ့တွဲနေတယ်ဆိုတာ ကြားထဲက အားလုံးက တွေ့ချင်မိတ်ဆက်ချင်နေကြတာမလား။ ဒါပေမယ့် တစ်ခုခုမှာပေးလေဆိုပြီး တခြားစကားထွက်မလာပဲ ဆေးလိပ်သောက်ရင်း ဘေးနားက သူငယ်ချင်းနဲ့ စကားပြောနေသည်။ ဆိုဖာနောက်ကိုမှီထိုင်ကာ ဆိုဖာလက်တန်းပေါ်ကို လက်ဆန့်တန်းထားပြီး ခြေချိတ်ထိုင်နေတဲ့ ရေးဇိန်မင်းထင်ကို စကားပြောချင်နေကြပေမယ့် မပြောရဲပေ။ ရေးဇိန်မင်းထင်ကို အားလုံးသိကြတာက countryside resort ဖွင့်တဲ့ကြော်ငြာတုန်းကဖြစ်သည်။ Countryside Resort က ဘယ်သူပိုင်လည်းမသိပေမယ့် resort ထဲက ကစားနည်းတွေ အစားအသောက်တွေကို ကိုယ်တိုင်ဝင်ဆော့ရင်း ဘယ်လိုဆော့ရတယ်ဆိုတာကမှ အစပြောပေးပြီး ကြော်ငြာခဲ့တာမလား။ ကြော်ငြာနောက်ဆုံးပိုင်မှာ မော်ဒယ်ဘာညာမပြောပဲ ရေးဇိန်မင်းထင်နဲ့မင်းခန့်ထည် ဆိုပြီး မိတ်ဆက်ခဲ့တာဖြစ်သည်။ အဲ့ထဲက မဲနက်ကာဂုတ်ထောက်နေတဲ့ဆံပင်တွေက လှိုင်းတွန့်ပုံစံအနည်းငယ်ကောက်ပြီး ဖြူနေတဲ့အသားနဲ့လိုက်ဖက်ကာ ရုပ်ရည်ကြောင့်ချက်ချင်း ထို resort က နာမည်ကြီးကာ လူတွေစည်ကားသွားတာမလား။ Facebook ပေါ်မှာပါ အပန်းဖြေဖို့နေရာနဲ့အစားအသောက်တွေကို review လုပ်တဲ့သူတွေကလည်း ချက်ချင်းရောက်သွားကာ review လုပ်ကြတာဖြစ်သည်။ ရေးဇိန်မင်းထင်ဆိုတာ countryside resort ပိုင်ရှင်လား၊ မော်ဒယ်မင်းသားလား ဘယ်သူမှမသိသလို သူ့အကြောင်းကို မွှေနောက်ရှာဖွေပေမယ့်လည်း ဘာမှထွက်မလာပဲ အဝေးသင်ဘွဲ့လက်မှတ်သာ ထွက်လာခဲ့တာ။

အဝေးသင်ဘွဲ့လက်မှတ်မှာတောင် ရေးဇိန်မင်းထင်က ကြည့်ကောင်းနေတာဖြစ်ပြီး အဲ့ဒိအချိန်ထဲက သူငယ်ချင်းက မင်းခန့်ထည် တစ်ယောက်ထဲပဲ ရှိကြောင်းသိခဲ့ရတာဖြစ်သည်။ မိဘနာမည်တွေ၊ မှတ်ပုံတင်နံပတ်တွေ၊ ခုံနံပတ်တွေကို အုပ်ကာတင်ခဲ့တဲ့ အဝေးသင်ဘွဲ့လက်မှတ်က ရေးဇိန်မင်းထင် အဝေးသင်စနစ်နဲ့ဘွဲ့ရသွားပြီဖြစ်ကြောင်းကိုပဲ သိရှိနိုင်တာဖြစ်သည်။ အဲ့ဒိအချိန်ထဲက ကားတစ်စီးနဲ့ပတ်နေတဲ့ ရေးဇိန်မင်းထင်က ရည်းစားကိုထည်လဲထားတဲ့သူဖြစ်သလို ထားတဲ့ရည်းစားတိုင်းကလည်း ယောက်ျားလေး ဆိုတာကို အားလုံးသိခဲ့တာဖြစ်သည်။ အဲ့နောက်ပိုင်းမှာ ရေးဇိန်မင်းထင်နဲ့ ဟိုတစ်ယောက်နဲ့ အတွဲတဲ့၊ ပြတ်သွားပြီတဲ့ စသည်ဖြင့်ကြားနေရတဲ့ သတင်းတွေကလည်း မနည်းမနောပေ။ ရှုပ်လိုက်တာလို့ ပြောတဲ့သူတိုင်းလည်းရှိသလို ရှုပ်တာကိုသိသိရဲ့နဲ့ ရေးဇိန်မင်းထင်နဲ့ တွဲချင်ကြတဲ့ လူတွေကလည်း တစ်ပုံကြီးပင်ဖြစ်သည်။

အခုလည်းအားလုံးက ရည်းစားဆိုသူ သူငယ်ချင်းနဲ့ကပ်လိုက်လာပြီး အတင်းမိတ်ဆက်ခိုင်းတာ ခေါင်းပဲ တစ်ခါငြိမ့်ပြလိုက်ပြီး သူငယ်ချင်းဖြစ်သူနဲ့စကာပြောနေတာကြောင့်အလိုက်တသိ ဘာမှမပြောပဲနေရသည်။ သူတို့အတွက်တော့ သူငယ်ချင်းဖြစ်သူက စားချင်တာတွေ မှာပေးသည်။ သူတို့အားလုံး ပြန်သာသွားတယ် ပြန်ပြီလို့နှုတ်ဆက်ရုံကလွဲပြီး ဘာမှ မပြောဖြစ်ခဲ့ပေ။ ရေးဇိန်မင်းထင် ဆိုတာ ထိုင်ငေးကြည့်ရုံတောင် တန်တဲ့အမျိုးဆိုတာ သူတို့သိသွားကြ၏။

////////////////////////////////

“ကိုကို ဘယ်ကိုလာတာလဲ”

“ဒီကျောင်းရှေ့ရောက်မှ မင်းဆီလာတာပေါ့”

မြိုင်ဟေဝန် ရှေ့ရှေ့ ဆံပင်လှိုင်းတွန့်ကောက်နဲ့ ကိုကို့ကို မေးလိုက်တာဖြစ်သည်။ သူ ကျောင်းထဲက အထွက် ကိုကိုက ကားကိုမှီပြီး ဆေးလိပ်သောက်နေတာကို မြင်လိုက်ရတာဖြစ်သည်။ အားလုံးက ကိုကို့ဆီကိုအကြည့်တွေရောက်နေသလို သူတို့ဘယ်လိုပတ်သက်လဲ ဆိုပြီးကြည့်နေကြတာ။ ကိုကိုနဲ့ ဟေဝန် စတွေ့တုန်းက ဟေဝန် ၁၀ တန်းပြီးကာစလောက်က ဖြစ်သည်။ ဟေဝန်က အဖွားနဲ့ပဲ ဆင်ခြေဖုံး ရပ်ကွက်မှာနေတာဖြစ်ပြီး လမ်းမှာသူ့ကိုရန်လုပ်နေတဲ့ ရပ်ကွက်ထဲက လူတစ်ချို့ကို ကိုကိုက မောင်းထုတ်ပေးခဲ့တာမလား။ သူ ကိုယ်တိုင် ပတ်ဝန်းကျင်နဲ့အရောက်မဝင်တာကြောင့် ဒီလူတွေကိုဘယ်ကမှန်းမသိ။ နောက်မှ တစ်ဖက်ရပ်ကွက်က ဖြစ်နတာ။ ဖွားဖွား ဈေးသွားဝယ်ခိုင်းလို့ အပြန် သူ့ကိုဝိုင်းစပြီးဆွဲနေကြတာ။ ကိုကိုကားက သူတို့ဘေးကိုဝင်ရပ်လာပြီး သူတို့ဆီ တန်းတန်းလျှောက်လာတာ။ အဲ့တုန်းက ဘယ်သူနဲ့သိလို့ သိမှန်းမသိဖြစ်နေပြီး ကိုကိုက သူ့ကိုပြဿနာရှာတဲ့သူတွေကို ခြောက်လွှတ်ပေးခဲ့တာဖြစ်သည်။

အဲ့လိုနဲ့သိခဲ့တဲ့ကိုကိုက သူ့ကို ကိုကိုလို့ခေါ်ခိုင်းပြီး တစ်ခါတစ်လေ အိမ်မှာ ထမင်းလာစားတတ်သည်။ သူ့အနေနဲ့ကလည်း အဲ့ထဲက ကိုကို ခေါ်ခဲ့တာအကျင့်ဖြစ်သွားပြီး နှုတ်ကျိုးသွားသွားတော့၏။ တစ်ခါတစ်လေ အိမ်လာရင် သူ့အတွက် ဖွားဖွားအတွက်ဆိုပြီး အဝတ်အစားတွေ ဝယ်လာတတ်သေးတာဖြစ်သည်။ ဈေးကြီးလို့ပြောရင် သူဝယ်နေကျအထဲက ဈေးအနည်းဆုံးတဲ့လေ။ ဖွားဖွားအတွက် မုန့်တွေလည်း ပါသည်။ သူ ဘာကျောင်းတက်ချင်လဲ သိတဲ့ ကိုကိုက သူ့ကိုကျောင်းထားပေးတာဖြစ်၏။ ဆေးကျောင်းထားပေးတဲ့ ကိုကိုက ငါ့အတွက်ဆရာဝန်လုပ်ပေးလေတဲ့လေ။ ဖွားဖွားကတော့ သူတက်ချင်တဲ့ကျောင်းကို ထားပေးတဲ့သူရှိတာကြောင့် ပျော်နေခဲ့တော့တာဖြစ်သည်။ ဒီကျောင်းစရိတ်က မနည်းတာကြောင့်သူကတော့ အနည်းငယ်ကြောက်မိနေသည်။ ဘယ်ကမှန်းမသိတဲ့ ကိုကိုက ရုတ်တရက်ရောက်လာကာ ဘာအကြောင်းပြချက်မှမရှိပဲ သူနဲ့ဖွားဖွားအတွက် ဒီလိုတွေလုပ်ပေးနေတာကြောင့်ဖြစ်သည်။ နောက်မှသိခဲ့တာက ကိုကိုမှာ ကောင်လေးတွေအများကြီးရှိတယ်ဆိုတာရယ် ခဏပြီးခဏတစ်ယောက်ပြီးတစ်ယောက်ပြောင်းတယ်ဆိုတာတွေ သိခဲ့ရတာဖြစ်သည်။ ဒီလိုပဲ သံဃောဇဉ်ဖြစ်သွားတဲ့ ကိုကိုက တစ်ခါကတစ်လေ ပျောက်သွားတတ်ပြီး တစ်ခါတစ်လေ ပေါ်လာကာ ဖွားဖွားဆီမှာ ထမင်းလာစားတတ်သည်။ သူ့ကိုကျောင်းထားပေးတာရယ်၊ ကိုကိုစီးနေတဲ့ကားကိုကြည့်ရုံနဲ့ ကိုကိုပိုက်ဆံရှိမှန်းသိကာ ဘယ်ကမှန်းသာ မသိ။ အခုလည်း ကျောင်းရှေ့မှာ လာစောင့်နေပြန်သည်။

“ဘယ်သွားအုန်းမှာလဲ”

ရေးဇိန်မင်းထင် သောက်လက်စဆေးလိပ်ကို မြေပေါ်ကိုပစ်ချလိုက်ပြီး လည်သာဘွတ်ရှည်စီးထားတဲ့ ခြေထောက်နဲ့နင်းခြေပစ်လိုက်သည်။ ဆံပင်လှိုင်းတွန့်ကောက်တွေက ဒီအတိုင်းဂုတ်စွန်းစွန်းမှာကျနေပြီး အလည်ခွဲထားတဲ့ရှေ့ဆံပင်က ဟိုဘက်ဒီဘက် နဖူးပေါ်ကျနေ၏။ ကျောင်းအပေါက်ဝ ထောင့်စွန်းစွန်းမှာ မြိုင်ဟေဝန် နဲ့သူ့ကိုဝိုင်းကြည့်နေတဲ့ ဂျစ်တစ်တစ် ကောင်လေး ၃ ယောက်အုပ်စုကို ရေးဇိမ်မင်းထင် လှမ်းကြည့်လိုက်သည်။

“ဘယ်မှမသွားဘူး ဖွားဖွားအတွက် ဆေးဝယ်ပြီး ပြန်တော့မှာ”

“တက် လိုက်ပို့မယ်”

ဝယ်နေကျဆေးဆိုင်ကိုလည်း ကိုကိုကသိသည်။ ဆိုင်ရှေ့ရောက်တာနဲ့ ရပ်ပေးကာ ကားပေါ်ကစောင့်နေ၏။ ဒီလိုကျောင်းတက်ဖို့ ပိုက်ဆံမလုံလောက်ပေမယ့် ကိုယ့်ကျန်းမာရေးနဲ့ အသုံးအဆောင်တွေ ဝယ်ဖို့လောက်တော့ သူတို့မှာရှိသည်။ ဖွားဖွားနဲ့သူနေတဲ့ခြံကကျယ်တော့ နောက်က မြေကွက်လပ်တွေမှာ သင်္ဘောသီးပင်တွေစိုက်ပျိုးသည်။ စီးပွားဖြစ်စိုက်တာကြောင့် သင်္ဘောသီးက ဝင်ထဲဝင်ငွေက နည်းတော့မနည်းပေ။ ဈေးကောင်းနဲ့ဖောက်သည်ပေးလို့ရအောင် ကိုကိုပဲ ချိတ်ပေးတာဖြစ်၏။

“ဖွားဖွား ကျွန်တော်လာတယ်”

“ထိုင်ထိုင်မြေးရေ၊ ထမင်းစားပြီးမှ ပြန်မှာမလား”

“မစားတော့ဘူး ဟေဝန်ကိုလိုက်ပို့တာ”

ဖွားဖွားက သူ့အခန်းထဲမှာပဲ ရှိနေတာကြောင့် မြိုင်ဟေဝန်ဖွားဖွားအတွက်ဆေးသွားပေးရသည်။ ထမင်းနဲ့ဟင်းက သူကျောင်းမသွားခင်ထဲက ချက်ထားပေးခဲ့တာဖြစ်၏။

“ကိုကို ကျောင်းကိုလိုက်လာတာ အကြောင်းရှိတယ်မလား”

“မင်းကို လိုက်နှောက်ယှက်တဲ့သူရှိတယ်ဆို ဘာဖြစ်လို့ငါ့ကိုမပြောတာလဲ”

သူ့ကိုလိုက်နှောက်ယှက်နေတာကို ဘယ်လိုသိသွားရလည်းမသိပြန်။ ကိုကို မသိတာ ဘာရှိလည်း မေးလိုက်ချင်တော့သည်။

“ကိုကိုက ဘယ်အထိ လိုက်ဖြေရှင်းပေးနိုင်မှာလဲ”

“ဟေဝန် ငါပြောမယ်..”

“မပြောနဲ့ ကျွန်တော်ကိုယ့်ပါကိုယ် ဖြေရှင်းလိုက်မယ်”

ဟုတ်တယ်လေ အစစအရာရာလိုက်ဖြေရှင်းပေးနေရအောင်လည်း သူက ကလေးမဟုတ်တော့သလို ကိုကိုက သူ့အစ်ကိုအရင်းလည်းမဟုတ်။ ဘာပတ်သက်မှုမှမရှိပဲ ကိုကိုက ဘာတွေတောင်လိုက်ဖြေရှင်းပေးချင်နေရသလဲ။

“ဟေဝန် မင်းရည်းစားထားချင်နေတာလား၊ မင်းရည်းစားထားမယ်ဆိုရင် ငါတွေ့ပြီး သဘောကျမှ ထားရမှာနော်”

ဟေဝန် ကိုကို့ကို စောင်းကြည့်လိုက်သည်။

“ကိုကိုက ကျွန်တော့်အစ်ကိုလား”

“ဟ မင်းအစ်ကိုပဲလေ”

“ကိုကို့ကို ကျွန်တော်မေးပါအုန်းမယ်၊ ကျွန်တော့်ကို ကျောင်းထားပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် တကယ်ကို ကျွန်တော်ရှင်းရှင်းလင်းလင်း သိချင်တာရှိသေးတယ်”

“အင်း ပြော”

“ကျွန်တော် ဘာပြန်လုပ်ပေးရမှာပဲ”

“ဒီမှာ ဟေဝန် ငါက မင်းဆီက ဘာပြန်ယူရမှာလဲ၊ မင်းစိတ်ချလက်ချနေ ဘာမှပြန်လုပ်ပေးဖို့မရှိဘူး၊ ငါက မင်းနဲ့ဖွားဖွားကို သံဃောဇဉ်ဖြစ်သွားလို့လေ”

“အပိုတွေ တွဲနေတဲ့ရည်းစားနဲ့ပြတ်ပြီး သွားစရာမရှိလို့ ယောင်လည်လည်ဖြစ်နေတာမလား”

“အဟား!!”

ရေးဇိန်မင်းထင် ရယ်လိုက်သည်။ ဒီကောင်မသိတာမရှိဘူး။ သူနဲ့ပေါင်းလို့ သူ့အကြောင်းတောင်သိနေပြီဖြစ်သည်။ အသက်ကမကွာပေမယ့် မြိုင်ဟေဝန်ကအနည်းငယ်ညှက်သည်။ ပုံမှန်သူ့လိုလူက ဒီလိုနေရာနဲ့ဒီလိုရပ်ကွက်ထဲက လူနဲ့အပေါင်းအသင်းလုပ်မှာ မဟုတ်ပေ။ ဒီလိုရပ်ကွက်ကို သူရောက်လာတဲ့ အကြောင်းရင်းက မြိုင်ဟေဝန်ပဲရှိသည်။ တွေ့တွေ့ချင်းတုန်းက ဈေးဝယ်လာတဲ့အထုတ်တွေကိုဆွဲပြီး ရန်လုပ်နေတဲ့သူတွေကို ပြန်မလုပ်ပဲ ငြိမ်နေတာ။ အဲ့ပုံကိုမြင်ပြီး သူချက်ချင်းရန်လုပ်နေသူတွေကို သွားချောက်ပေးခဲ့ပြီး အိမ်လိုက်ပို့ပေးခဲ့တာဖြစ်သည်။ မြိုင်ဟေဝန်ကိုကျတော့ ရည်းစားလို့တွဲချင်တာမဟုတ်ပဲ လိုတာတွေလုပ်ပေးချင်တာဖြစ်သည်။ အဲ့ထဲက ရင်းနှီးသွားပြီး တစ်ခါတစ်လေ စိတ်မပျော်ရင် ဒီကိုလာတတ်ပြီး ခြံထဲမှာလျှောက်သွားရင်း တစ်နေကုန်တော့တာဖြစ်သည်။ ခြံကျယ်ကျယ်နဲ့ နေရတာကိုကြိုက်တဲ့သူက ဒီနေရာကိုလည်းသဘောတကျရှိသည်။ နောက်ဖက်မှာ သင်္ဘောပင်တွေကိုတန်းစိုက်ထားပြီး ဈေးနှိမ်တာတွေမရှိစေရန် သူကိုယ်တိုင်ပဲ Countryside resort အတွက် တိုက်ရိုက်သွင်းခိုင်းထားတာ။ ငွေရေးကြေးရေး မရှိပေမယ့် အနေအထိုင် မသိမ်နုတ်ပဲ သန့်သန့်ရှင်းရှင်းရှိလို့လည်း သူသဘောကျတာဖြစ်၏။

“ပြန်တော့မယ်”

“တန်းပြန်နော်ကိုကို”

“မင်းက ဆရာလား”

“ပြတ်နေတဲ့လက်စနဲ့ ငြိမ်ငြိမ်လေးနေပါအုန်းလား၊ ထပ်မထားနဲ့အုန်း”

ကလေးနဲ့ဆရာလုပ်နေတဲ့ မြိုင်ဟေဝန်ကြောင့် ရေးဇိန်မင်းထင် ရယ်လိုက်ကာ ပြန်ထွက်သွားတော့သည်။ ဒီရပ်ကွက်အထဲအထိ ကားမောင်းလာတာမဟုတ်။ ကားကို ရပ်ကွက်ထဲမဝင်ခင် ပါကင်ထိုးခဲ့တာဖြစ်ပြီး သူခြေလျင်ပြန်ထွက်လိုက်သည်။ ပြီးခဲ့တဲ့ရက်က သူငယ်ချင်းဆိုတဲ့ အုပ်စုကိုခေါ်လာပြီး စကားတွေများနေလို့ သူဖြတ်လိုက်တာမလား။ မကြိုက်ပါဘူး ပြောထားရက်နဲ့ အဲ့လိုခေါ်လာတော့ ဖြတ်ခံရတော့တာပေါ့။
မြိုင်ဟေဝန်ကတော့ မနက်က ချက်ခဲ့တဲ့ ထမင်းကိုခလုတ်ပြန်ချပြီး ဟင်းကိုပြန်နွှေးလိုက်သည်။ အားလုံးလုပ်ပြီး ဖွားဖွားအတွက်ပြင်ပေးပြီးမှာ နောက်က သင်္ဘောပင်တွေကို ရေးလောင်းရသည်။ အခုဆို ကျောင်းတစ်ဖက်နဲ့ဆိုတော့ ဘာမှမလုပ်နိုင်။ ကိုကို ကျောင်းထားပေးတော့ သူများ ပိုက်ဆံနဲ့တက်နေတဲ့သူက စာကြိုးစားရတယ်မလား။ သူ့ကို ရည်စားစကားလာပြောတဲ့ စီနီယာတွေ ရှိတာတောင် သူပြန်ကြိုက်ဖို့ မစဉ်းစားနိုင်။ လိုက်နှောက်ယှက်တဲ့သူတွေကလည်း တစ်ခါတစ်လေ စတာနောက်တာပါပဲ။ ဒါကို ကိုကိုကဘယ်လိုသိသွားရပြန်တာလည်း မသိပေ။

////////////////////////////////////

Myanmar Honor Group ရဲ့ MD မြန်မာ့ဂုဏ်ရည် ကသူ့အခန်းမှာ အောက်ကပို့လာတဲ့ စစ်တမ်းတွေကို စစ်နေရသည်။ ဖေဖေ လုပ်ခဲ့တဲ့သက်တမ်းမှာ ငွေအလိမ်တွေရော၊ စားထားတာတွေကိုရော ပြန်ရှင်းနေရသည်။ တရားစွဲမယ်ဆိုရင်လည်း ကုန်ကျမယ့်ပိုက်ဆံနဲ့တစ်ဖက်က ပြန်လျော်ရင်လည်းကိစ္စမရှိ။ ပြန်မလျော်နိုင်ရင် သူ့ဘက်က တရားစွဲမယ့်ငွေကြေးကုန်ကျပြီး တစ်ဖက်ကလည်း ထောင်ကျအုန်းမယ်။ ဒါ့ကြေင့်လည်း သူတရားစွဲဖို့တော့မရှိ။ ဖေဖေ့ကိုလွှတ်ထားလို့မရလို့ သူဝင်ပါမှ ဒီကိစ္စတွေက ပေါ်လာတာဖြစ်သည်။ Project အတွက်ဆိုပြီး ထုတ်ထားတဲ့ငွေတွေနဲ့ပြန်ရှင်းထားတဲ့ ငွေတွေကကိုက်နေပေမယ့် တကယ်မဝယ်ပဲအဝယ်ပြထားတဲ့ ဘောင်ချာတွေက မနည်းပေ။ ဒီကြားထဲ ကိုယ်ရထားတဲ့ project တွေကို သေချာမလုပ်တာကြောင့် Myanmar Honor Group အနေနဲ့နာမည်တွေကကျလာနေတာဖြစ်သည်။

သူ့ကိုအပူအပင်မရှိပဲ နိုင်ငံရပ်ခြားမှာ ကျောင်းတက်စေပြီး ဒီကိစ္စတွေကိုအသိမပေးပဲ နေခဲ့တာ။ သူကတော့ ဒါတွေကိုမသိပဲ လိုရင်လိုသလောက် လှမ်းတောင်းနေတာဖြစ်သည်။ ဟိုမှာ ချစ်သူရည်းစားထားပြီး သာယာနေတာ။ ဒီရောက်မှ အိမ်မှာပြဿနာတွေ ရှိနေတာကို သိခဲ့ရတာ။ ဒါတောင်ပြီးခဲ့တာတွေအားလုံး သူစစ်နိုင်တာမဟုတ်။ တစ်နှစ်ဝန်းကျင်လောက်ပဲ စစ်နိုင်တာဖြစ်သည်။ ဖေဖေ့ကို လက်မှတ်ထိုးတုန်းက သေချာမကြည့်ဘူးလား မေးတော့လည်း အဲ့တုန်းကလည်း အပူတပြင်းလိုအပ်နေတော့ ထိုးပေးလိုက်တာပဲတဲ့။ တကယ်ပါပဲ လိုနေတာတွေကိုအိတ်စိုက်ပြီး ဖြည့်နေတာ။ ကိုက်လာတဲ့ ခေါင်းကြောင့်ဆုံလည်နောက်ကိုမှီချလိုက်ပြီး လက်နဲ့ဖျစ်လိုက်ရသည်။ ဒါတွေအားလုံးကိုသာ စစ်ရင် ဘယ်လောက်တောင်ပေါ်ထွက်လာမလဲမသိ။

“အင်း ဘုံ”

ဖုန်းသံကြားရလို့ ကိုင်လိုက်တာဖြစ်ပြီး ချစ်ရသူက ဖုန်းဆက်လာတာဖြစ်သည်။ ဒီပြန်ရောက်လာမှ အလုပ်ရှုပ်နေတာနဲ့ ချစ်ရသူနဲ့တောင် မတွေ့ဖြစ်သေးဘူး ဖြစ်နေသည်။

(ကိုကိုက ကိုယ့်နိုင်ငံပြန်ရောက်မှ တွေ့တောင်မတွေ့ရတော့ဘူး)

“ဟုတ်ပကွာ၊ ကိုကို အလုပ်ရှုပ်နေတာ”

(အင်း ဘယ်တော့တွေ့ရမှာလဲ)

“ကိုကို ဖုန်းပြန်ဆက်ပေးမယ်နော်”

(မကြာစေနဲ့နော် ကိုကို လွမ်းနေတာကို)

သူရယ်လိုက်သည်။ ဘုံ နဲ့သူ ချစ်ခဲ့တာ ဟိုမှာထဲကမလား။ ဘုံတေဇ ဆိုတဲ့ချစ်ရသူက ယောက်ျားလေးတစ်ယောက်ဆိုတာ အိမ်ကလူတွေကိုတောင် အသိမပေးရသေးဘူးဖြစ်သည်။ ဒီနိုင်ငံမှာရော ယောက်ျားလေးအချင်းချင်းတွဲကြတာကို ပတ်ဝန်းကျင်အမြင်က ဘယ်လိုရှိမလဲ။ ဖေဖေနဲ့မေမေကိုတော့ သူစကားစမကြည့်ရသေး။ သူကိုယ်တိုင်လည်း ဒီကိုပြန်ရောက်ထဲက ပတ်ဝန်းကျင်ကိုမလေ့လာရသေး။ အိမ်နဲ့တောင် မိတ်ဆက်မပေးနိုင်သေးတာကြောင့် ချစ်ရသူလေး ဘုံကို ဒီမှာတော့လျှို့ဝှက်ပြီး တွေ့ရမှာပဲ။ ဟိုမှာတွေ့တယ်ဆိုပေမယ့် နိုင်ငံတူတဲ့ အသိမိတ်ဆွေနဲတာကြောင့် သူတို့နှစ်ယောက်ဟိုမှာတွေ့ကာ တွဲနေမှန်း ဟိုဘက်က မိတ်ဆွေတွေလောက်ပဲသိသည်။ သူသာပြန်ရောက်ထဲက အလုပ်တွေနဲ့လုံးပမ်းနေရတာ။ ချစ်ရသူလေးလည်းတွေ့ချင်မှာပင်။ နောက်ရက်တွေတော့ ညပိုင်းလေး အေးဆေးတွေ့ဖို့စဉ်းစားလိုက်၏။ ချစ်ရသူနဲ့ဖုန်းပြောပြီး ရှေ့က စစ်ရမယ့် ဖိုင်အပုံကိုကြည့်လိုက်တော့ လူကပြေးတောင်ငိုချင်သွားသည်။ ဒီကိစ္စက ဝန်ထမ်းတွေပဲမဟုတ်ပဲ ဒါရိုက်တာတွေပါ ပါနေလောက်တာကြောင့် သူသေချာစစ်နေရတာ။ ဖေဖေ လျော်ထားရတဲ့ငွေပမာဏက စီးပွားရေးအသေးတစ်ခု ထူထောင်လို့ရနိုင်သည်။ ဒါကို ဘယ်လိုတောင် ဇစ်မြစ်ကိုမစစ်ပဲနေနိုင်နေတာလဲမသိ။ မေမေကလည်း ဘာမှမပြောဘူးထင်သည်။

“သား ပြန်လာပြီလား၊ ပြန်ရောက်တုန်း နားပါဆိုတာမနားဘူး၊ ရေချိုးပြီးဆင်းခဲ့နော်၊ မေမေ ဒေါ်ပုကိုဟင်းတွေချက်ခိုင်းထားတယ်”

မေမေက ဒီလိုပင်။ မိဘလက်ထက်ထဲက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေခဲ့ရတဲ့မေမေက ဘာဟင်းမှ မချက်တတ်။ မချက်တတ်ပေမယ့် သူ့အတွက်ရည်ရွယ်ပြီး ညွှန်ကြားထားတာကိုပဲ ပျော်ရမလိုဖြစ်နေသည်။ တကယ်လည်း သူကြိုက်တဲ့ ဟင်းတွေကိုတော့ ဖွယ်ဖွယ်ရာရာချက်ပြုတ်ပေးထား၏။

“ဖေဖေ ကျွန်တော့်ကို ကုမ္ပဏီအခြေအနေ ပြောပါလား”

ဖေဖေက မျက်နှာမကောင်းပေမယ့် မေမေကတော့

“သားရယ် ဒါတွေကိုထားလိုက်ပါ၊ ပြန်လာကာစ တစ်နှစ်တန်စေ နှစ်နှစ်တန်စေ နားလို့ပြောတာကို မနားဘူး ဘာဖြစ်လို့ စိတ်ရှုပ်စရာတွေ ဝင်လုပ်နေလဲ”

“မေမေ သိရင်လည်းပြောပြလေ”

တကယ်ပါပဲ ဒါကိုမေးနေတာကို အခုထိရေရေလည်လည်မပြောသေးပေ။

“အင်း ဖေဖေစိုက်ဆပ်ထားတာ အားလုံးပဲ”

“ဘယ်က ရလို့လဲ ဖေဖေ၊ ဖေဖေ့မှာ ဒီကုမ္ပဏီအပြင် ဘာရှိသေးလို့လဲ”

“သားရယ် ဒါက သားစိတ်ပူရမယ့် အရာမဟုတ်ပါဘူး”

“မေမေ ကျွန်တော်က ၂၄ နှစ် ဖြစ်နေပြီနော်”

တကယ်ပဲ မေမေက ဘာတွေကို မပြောချင်နေလဲမသိ။

“ဖေဖေတို့ အိမ်ဂရံကိုပေါင်ထားတာ သား”

“ဘယ်လို”

ဒါက ဘယ်လိုတောင်လဲ။ အိမ်ဂရံကိုတောင်ပေါင်ပြီး စိုက်ထည့်ထားတာပေါ့။ ဘယ်သူ့လက်ချက်လည်း သေချာမစစ်ပဲနဲ့လေ။

“ဒီကိစ္စမှာ ဒါရိုက်တာ တချို့ပါနေတယ်မလား ဖေဖေ”

ဖေဖေက သူသိတယ်လို့ ထင်ပုံမရပဲ သူ့ကိုကြည့်လာသည်။ တကယ်ပဲ ဖေဖေက သိရက်နဲ့ဘာလို့ငြိမ်နေလဲမသိ။

“ဖေဖေ အမှန်တိုင်းပြော အိမ်ဂရံကိုတောင်ပေါင်ထားတာနော်၊ ကျွန်တော်တို့မှာ ဒီအိမ်နဲ့ဒီခြံပဲရှိတာနော်၊ ခြေချော်လက်ချော်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ ဒီလောက်ဖြစ်နေတာကို ကျွန်တော့်ကိုဖွင့်ပြောတိုင်ပင်သင့်တယ်လေ”

နောက်ဆုံး ဖေဖေက သူ့ကိုအားလုံးဖွင့်ပြောလာ၏။ ဒါရိုက်တာတစ်ချို့ပါဝင်ပြီး ဖေဖေ့ဘက်က ဖော်လို့မရအောင်လုပ်ထားတယ်လို့ဆိုသည်။ ဖော်လို့မရအောင် လုပ်ထားတယ်ဆိုတာထက် တစ်ဖက်က ဒါရိုက်တာတွေက အင်အားများသွားတာဖြစ်ကာ ဖေဖေ့ကို သူတို့မမှားဘူးဆိုပြီး ထိုးချကြတာ။ သူကတော့ ဒီကိစ္စကို သေချာပေါက်ဖော်ပြီး ကိုယ့်အပိုင်တွေကို ပြန်ယူမှကို ကျေနပ်နိုင်မှာဖြစ်သည်။




ချစ်တဲ့
Hsu
21 Jan 2023 - Saturday

DUSK TILL DOWN [Complete] U & ZTempat cerita menjadi hidup. Temukan sekarang