Part 33

5.4K 301 6
                                    

Unicode

မြိုင်ဟေဝန် ချိတ်ပေးတဲ့ဆရာနဲ့ စကားပြောဖြစ်နေတာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။ ဒီနေ့တော့ အိပ်မက်ကမ္ဘာထဲကိုရောက်သွားသလိုပဲဖြစ်နေ၏။ မြန်မာ ဘေးကနေ ကြည့်ကာ သူ့မျက်နှာသူပွတ်သပ်မိနေသည်။ ရေးက အိပ်နေရင်းနဲ့ ဆရာမေးတာတွေကို ပြန်ဖြေနေတာဖြစ်ပြီး သူအားလုံးကို ကြားနေရတာကြောင့်ဖြစ်သည်။ ချစ်ရတဲ့သူကိုဆုံးရှုံးမှာ ကြောက်တဲ့စိတ်နဲ့ ပထမဆုံးအခန်းထဲမှာ တစ်ယောက်ထဲထိုင်နေမိကြောင်းလဲပါ၏။

"ကျွန်တော့်ယောက်ျား ကျွန်တော့်ကိုမချစ်ဘူး"

မြန်မာ အသံတိတ်မျက်ရည်ကျနေမိ၏။

"သူ့မှာပြောပြလို့မရတဲ့ ကိစ္စရှိလို့လားမှ မသိတာ၊ ရေးဇိန်မင်းထင်က ဘာဖြစ်လို့ အဲ့လိုထင်ရတာလဲ"

ဆရာကြီးက ရေးကိုမေးနေ၏။

"မသိဘူး၊ အိမ်ကနေ တစ်ရက်လုံးပျောက်သွားပြီး အခန်းတစ်ခန်းထဲမှာ ယောက်ျားတစ်ယောက်နဲ့အတူ ကျွန်တော်မြင်လိုက်တာ၊ ပုံမှန်ဆိုရင် ကျွန်တော်ဆွဲထိုးလိုက်ချင်တာ ဒါပေမယ့် ကျွန်တော်ချစ်လို့ အတင်းယူထားတဲ့သူ ကျွန်တော်ဘယ်လုပ်ရက်မလဲ"

"သူ့ဘက်က မင်းကို ဘာပြောလို့လဲ"

"သူဘာမှမပြောဘူး အိမ်မှာပြန်နေဖို့ပဲပြောတယ် ပြီးရင် လာခဲ့မယ်တဲ့"

"မင်းက ဘာဖြစ်လို့ သူ့ကိုမစောင့်ပဲထွက်သွားတာလဲ"

"ကျွန်တော်နဲ့ကွာရှင်းဖို့ ပြောမှာဆိုးလို့၊ ကျွန်တော်ခံစားနိုင်မှာမဟုတ်ဘူး"

"အဲ့ဒါနဲ့ဆန့်ကျင်ဘက်လဲ ဖြစ်ရင်ဖြစ်မှာပေါ့၊ အေးအေးဆေးဆေးနဲ့ ပြောရမယ့်ကိစ္စမျိုးပေါ့"

"ကျွန်တော်မသိဘူး"

"အင်း အဲ့ကနေ မင်းဘယ်သွားခဲ့လဲ"

"ကျွန်တော်တစ်ယောက်ထဲ အခန်းတစ်ခန်းထဲမှာ အကြာကြီးထိုင်နေခဲ့တာ"

"ဘာဖြစ်လို့လဲ"

"သူ့ကိုဆုံးရှုံးရင်ဘယ်လိုလုပ်မလဲဆိုပြီး တစ်ယောက်ထဲတွေးရင် စိတ်ဂယောင်ချောက်ခြားဖြစ်နေတာ"

DUSK TILL DOWN [Complete] U & ZHikayelerin yaşadığı yer. Şimdi keşfedin