Part 29

4.8K 310 14
                                    

Unicode
(ဂုဏ်ရှိန်နဲ့ညွှန်းကို မမျှော်ပါနဲ့ရှင်။ ဒါတောင် ရေးထားတဲ့အခံရှိလို့ အပ်နိုင်တာပါ။ ဆု ဒီနေ့တော့ အခြေအနေမကောင်း)

"ဒါလင် ကိုကို ကျွန်တော်ဘွဲ့ယူတဲ့နေ့ရှိရင်ကောင်းမှာပဲ"

"အင်း သူပြန်လာမှာပါ"

မင်းခန့်တွေးစစနဲ့ပြောလိုက်သည်။ ရေးဇိန် ဒီတစ်ခါ တစ်ကယ်ကိုပျောက်ချသွားတာက ဘယ်ရှာလို့ရှာရမှန်း မသိပေ။ ဖိုးဖိုးဆီ မေးလ်ဝင်ပြီးသိပ်မကြာဘူး သူ့ကားကို ကုန်တိုက်တစ်ခုရဲ့ ကားပါကင်မှာတွေ့လိုက်ရတာ။ လူကိုတော့ လုံးဝရှာလို့မတွေ့။ အခုဆို ဟေဝန်တောင် House ဆင်းရတော့မယ်၊ ဖင်လှည့်ခေါင်းလှည့်ကုန်သွားမယ့် အချိန်တွေကြောင့် ဟေဝန်က သူ House ဆင်းပြီး ဘွဲ့ယူမယ့်နေ့မှာ ရေးဇိန်ကို ရှိစေချင်တာကြောင့် သူနဲ့တွေ့တိုင်းဒါပဲတောက်လျှောက်ပြောနေသည်။

"ပြန်လာမယ့်သူကလည်း နည်းနည်းပါးပါး အရိပ်အမွက်လေးတော့ ပြတာမဟုတ်ဘူး"

"မင်းကိုကို မင်းကိုချစ်တာသိသားနဲ့ ပြန်လာမှာပါကွာ၊ စိတ်မပူနဲ့"

စိတ်မပူနဲ့ပြောပေမယ့် တစ်နှစ်ဝန်းကျင်ရှိတော့မယ့် အချိန်မှာ ရေးဇိန်ကို အားလုံးမျှော်နေကြပြီ။ မင်းယောက်ျားနဲ့အထင်လွဲသွားတဲ့ ဘုံတေဇတောင် လက်ထပ်ပြီးပြီ ရေးဇိန်လို့သာ သူအော်ပြောပြလိုက်ချင်တော့၏။ ဥက္ကာပြန်ရောက်လာတာရယ်၊ အဖြစ်အပျက်တွေရယ်က ဆက်နေတော့ ရေးဇိန်တစ်ယောက် သူ့ကြောက်စိတ်တွေကို တွန်းလှန်ဖို့ အချိန်လိုတယ်ထင်ပါရဲ့။ နောက်တစ်ခါထပ်ဖြစ်ခဲ့ရင် သူသာထပ်ချစ်မိသွားခဲ့ရင် ဒီလိုတွေများ အကြောင်းအမျိုးမျိုးနဲ့ သူ့အနားကလူတွေသူ့ကို ထားသွားထားသွား ဘာလုပ်လုပ် ခံနိုင်ရည်ရှိနိုင်အောင် ကြိုးစားနေတာများလား။

အခုဆို King Group ရော Myanmar Honor Group ကို ကိုမြန်မာ့ဂုဏ်ရည်က အတိမ်းအစောင်းမရှိအောင် သေချာကိုင်တွယ်ပေးနေသည်။ ကိုမြန်မာ့ဂုဏ်ရည် ဥက္ကာကိုခေါ်ပြီး အလုပ်ဆက်မလုပ်နိုင်ကြောင်းကို ကောင်းကောင်းမွန်မွန်ပဲခေါ်ပြောခဲ့ကာ သူတို့အိမ်ထောင်ရေးကိုလည်း စိတ်မဝင်စားဖို့၊ အနှောက်အယှက် မပေးဖို့လည်း ပြောခဲ့သည်။ ဖိုးဖိုးငွေသုံးပြီး ဖုံးဖိခဲ့တာတွေနဲ့ အထဲမှာ သူ့ဖေဖေကနည်းနည်း ဖိုးဖိုးကများများ သူ့အတွက်ငွေသုံးခဲ့တာကိုလည်း သိသွားတဲ့ ဥက္ကာက ဖိုးဖိုးကိုလာတောင်းပန်ခဲ့သလို ကိုမြန်မာ့ဂုဏ်ရည်ကိုလည်း တောင်းပန်ခဲ့တာဖြစ်သည်။ ပြီးတော့ သူရေးဇိန်ကို သဘောကျတာကိုလည်း ဝန်ခံခဲ့၏။ အားလုံးက သူ့နေရာနဲ့သူပြန်ဖြစ်သွားပြီး လိုနေတာ ရေးဇိန်ပြန်လာဖို့ပဲ ကျန်တော့တာဖြစ်သည်။

DUSK TILL DOWN [Complete] U & ZWhere stories live. Discover now