Part 3

5.7K 322 9
                                    

Unicode

“ပြန်တော့မလို့လား”

“ဟာ ဖိုးဖိုး မအိပ်သေးဘူးလား”

“မေးတာကိုမဖြေဘူး ပြန်မေးနေတယ်”

“ပြန်မလို့ မကြာခဏ ပြန်လာပါမယ်”

မြေးဖြစ်သူက ပြောရင်း သူ့ဘေးဝင်ထိုင်သည်။

“ပြောလိုက်ရင် ဒီလိုပဲ အချိန်မရှိမှ ပြန်အုန်းမယ် တန်းပြန်မှာဟုတ်လို့လား”

“ဟိုကောင်နဲ့ တွေ့ဖို့ချိန်းထားသေးတယ် တွေ့ပြီးပြန်မှာလေ ဖိုးရဲ့”

“ကားတွေ ပြိုင်မောင်းနေသေးလား”

“မသိတာလည်းမဟုတ်ပဲနဲ့ လိုက်မေးနေတယ်၊ ကျွန်တော်မပြောလည်း ဖိုးဖိုးက ကျွန်တော့်ထက်တောင် ကျွန်တော့်အကြောင်းသိနေတာ မဟုတ်ဘူးလား ပြောပါအုန်း ဦးမင်းထင်”

ရေးဇိန်မင်းထင် ဖိုးဖိုးရဲ့ လက်မောင်းကိုကိုင်ကာ ခေါင်းနဲ့ပွတ်လိုက်ပြီး ပြောလိုက်သည်။ ဦးမင်းထင်ကတော့ မျက်စိအောက်ကနေပဲ အရွယ်ရောက်လာတဲ့ မြေးဖြစ်သူကို ကြည့်ကာ သဘောတကျရှိနေတော့သည်။ မြေးက မချွဲရင်လည်းမချွဲဘူး၊ ချွဲရင်လည်း အဖိုးဖြစ်တဲ့သူ့မှာ အရည်ပျော်ကျနေတော့တာ။

“လူဆိုးလေး၊ ဘာပဲလုပ်လုပ် သတိနဲ့လုပ် သတိနဲ့နေ”

“ဟုတ်ကဲ့ပါဗျာ”

“ဘာလိုသေးလည်း”

သူ ဖိုးဖိုးကိုကြည့်မိသွားသည်။ ဖိုးဖိုးက အမြဲဒီလိုပင်။ ပါးစပ်ကသာ ရည်းစားထားလိုက်တာ တစ်ယောက်ပြီးတစ်ယောက်ပြောနေတာ။ တကယ်တမ်းဆိုရင် ဘာလိုလည်း ဖိုးဖိုးကိုပြောလေကပါသေးတယ်။

“ကျွန်တော်လိုအပ်တာဖိုးဖိုပဲ အဲ့ဒါကြောင့် ဖိုးဖိုးက ကျွန်တော်ဘေးမှာ အသက်ရှည်ရှည်နေပေး၊ အလုပ်တွေအရမ်းမလုပ်တော့နဲ့၊ အေးဆေးနေပါတော့လို့ပဲ ပြောချင်တယ်”

“ဟားဟား ချုပ်လိုက်လား ကိုယ်တော်လေး ရေးဇိန်မင်းထင်”

“မချုပ်ရပါဘူး၊ သွားတော့မယ် ဖုန်းခေါ်နေပြီ”

“ဂရုစိုက်နော်မြေး”

“yes Sir”

ဦးမင်းထင် မြေးဖြစ်သူကို မျက်စိတစ်စုံးလိုက်ကြည့်လိုက်သည်။ တစွတ်ထိုးလုပ်ရပ်တွေမရှိပေမယ့် မြေးဖြစ်သူကိုတော့ သိပ်စိတ်မချချင်။ အဲ့ဒါကြောင့်လည်း ဘယ်သွားသွား သူ့လူတစ်ယောက်ကို လိုက်ခိုင်းနေရတာ။ ဘယ်လိုနည်းနဲ့မှ မြေးဖြစ်သူကိုမထိခိုက်စေချင်ဘူး။ ကိုယ့်မှာ မျိုးဆက်ဆိုလို့ ဒီမြေးတစ်ယောက်ထဲရှိတာဖြစ်ပြီး ဒီမြေးကိုအထိအခိုက်မခံနိုင်။

DUSK TILL DOWN [Complete] U & ZDonde viven las historias. Descúbrelo ahora