Part 8

4.4K 281 7
                                    

Unicode

အစည်းအဝေးခန်းထဲက ဒါရိုက်တာတွေအားလုံးရဲ့ မျက်လုံးတွေက မြန်မာ့ဂုဏ်ရည်ဆီမှာပဲ ရှိနေကာ တစ်ခုခုလုပ်ချင်တဲ့အရိပ်အယောင်တွေ ရှိနေသည်။ Projector မှာ လွန်ခဲ့တဲ့နှစ်က ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်ရယ် လျှော်ကြေးအနေနဲ့ ဦးမြန်ဟိန်းစိုက်ထုတ်လိုက်ရတဲ့ ငွေပမာဏ တွေရယ်ကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။ အစည်းအဝေးစတုန်းကတော့ King Group နဲ့ Project တစ်ခုပူးပေါင်းဆောင်ရွက်မယ့် အကြောင်းကိုပြောနေတော့ စိတ်ဝင်တစားနဲ့ ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေကြတာ။ အဲ့ဒါပြီးတာနဲ့ Projector မှာပေါ်လာတဲ့စာရင်းက သူတို့ကိုတိုက်ခိုက်မယ့်စာရင်းဖြစ်နေသည်။

“မြန်မာ့ဂုဏ်ရည် ကိုယ့်အဖေကို ကိုယ်ပြန်မေးကြည့်ပါအုန်း”

“ကျွန်တော်ဘာမှမပြောရသေးဘူးထင်တယ်နော်”

မြန်မာ့ဂုဏ်ရည် မျက်နှာတွေပျက်နေကြတဲ့လူတွေအားလုံးကိုကြည့်ကာပြောလိုက်သည်။ သူ ဒီကိစ္စကိုဘာမှမပြောရသေးဘူးမလား။ ဘုံ ပြင်ပေးထားတဲ့ဖိုင်ကို ကွန်ပြူတာကတဆင့် projector ပေါ်တင်လိုက်တာပဲရှိသေးတာ။ ခေါင်းစဉ်နဲ့စာရင်းကိုကြည့်လိုက်တာနဲ့ အပျက်ပျက် အယွင်းယွင်းဖြစ်သွားကြတဲ့ မျက်နှာတွေက မြင်လို့မှမကောင်း။ ဘုံကလည်း စာရင်းတွေကိုသေချာဆွဲထုတ်ပြီးပြင်ပေးထာတာ ဖြစ်တာကြောင့် အားလုံးက အသေးစိတ်ကျလှသည်။ အဲ့ဒိကိစ္စဖြစ်သွားတုန်းက လုပ်ငန်းခွင်အတွက် ဝယ်တဲ့ပစ္စည်းစာရင်းနဲ့သုံးရမယ့်စာရင်းကအစ အသေးစိတ်ပါသည်။

“ကျွန်တော်အခု စပြောပါမယ် ဒီကိစ္စကို”

မြန်မာ့ဂုဏ်ရည် စကားကိုအစချီလိုက်ပြီး projector ပေါ်ကစာရင်းကို point ထောက်ပြီးအသေးစိတ်တစ်ခုခြင်းဆီကိုရှင်းပြလိုက်သည်။ အမှန်တကယ်ဆို ရှင်းပြစရာမလိုဘူးမလား။ ဒါတွေက သူတို့အားလုံးလုပ်ထားတဲ့လုပ်ရပ်လေ။

“ဒါက အခုမှ ဘာပြန်လုပ်ချင်နေတာလဲ အားလုံးလဲ ပြီးပြီမဟုတ်ဘူးလား”

“ဘယ်ပြီးမလဲ အန်ကယ်၊ ဒီကိစ္စမှာ ဒါကိုအစအဆုံးပြန်ဆောက်ပြီးလျှော်ပေးထားတာကျတော့ ကျွန်တော့်အဖေ ဦးမြန်ဟိန်းလေ၊ အဲ့ဒိမှာ Finance ကနေငွေထွက်သွားတော့ တကယ်သုံးရမယ့်ပစ္စည်းစာရင်းအတိအကျထက်တောင်ပိုပြီးထွက်သွားသေးတယ်၊ ဒါပေမယ့် သုံးထားတဲ့ အရေအတွက်က တစ်ဝက်တောင်မရှိဘူးမလား”

DUSK TILL DOWN [Complete] U & ZDonde viven las historias. Descúbrelo ahora