Part 4

5.2K 326 10
                                    

Unicode

စာရင်းတွေကိုစစ်ရင်း သိလိုက်ရတာက သူတို့ကိုပြန်ဖော်ထုတ်ရင် ဖေဖေ့ကိုပါတစ်ခါထဲပါသွားအောင် လုပ်ထားတာပင်။ ဒါကို ဘယ်လိုများ လုပ်သင့်လဲ သူစဉ်းစားတာမရသေး။ ဖေဖေက ဒါတွေကို သေချာမကြည့်ပဲ ဘာဖြစ်လို့ လက်မှတ်ထိုးပေးရသလဲ။ စားပွဲပေါ်က ရုံးဖုန်းမြည်လာလို့ ကိုင်လိုက်တော့ reception ကဖြစ်ကာ အတွင်းရေးမှူး လာလျှောက်တာလို့ပြောတာကြောင့် အခန်းထဲကို လွှတ်ခိုင်းလိုက်သည်။

ဒေါက်ဒေါက်ဒေါက်

"အင်တာဗျူး လာတာပါ MD"

"ဝင်ခဲ့ ဟင် ဘုံ"

"အဟီး"

ချပ်!

တံခါးကပြန်ပိတ်သွားတော့သည်။ ဘုံက သူ့ကိုရယ်ပြရင်း လျှောက်လာကာ သူ့ရှေ့မှာ မတ်တပ်ပဲရပ်နေ၏။

"ဘုံ စဉ်းစားကြည့်တော့ ဘုံလည်းမလုပ်မရှိဘူးလေ၊ ကိုကို့အတွင်းရေးမှူးကို ဘုံလုပ်ရင်ကောင်းမလားလို့"

မြန်မာ့ဂုဏ်ရည် စဉ်းစားမိသွားသည်။ ဒါလည်းကောင်းတယ်မလား။ လုပ်ငန်းခွင်မှာ ချစ်ရသူမျက်နှာကို အမြဲမြင်တွေ့ရနိုင်သည်။ ဒါပေမယ့် လုပ်ငန်းခွင်မှာ ဆင်ခြင်နေမှာတော့ ရမယ်မဟုတ်လား။

"ဘုံ တကယ်လုပ်ချင်တာလား"

"ဟုတ် ဘုံတကယ်လုပ်ချင်တယ်၊ ကိုကိုနဲ့ဘုံက စိတ်တူကိုယ်တူပဲဟာကို တိုင်ပင်ပြီးလုပ်လို့ရတာပေါ့"

"ကောင်းတာပေါ့ဘုံ၊ ဒါပေမယ့် ဘုံလာရမယ့် ခရီးကဝေးတော့ အဆင်ပြေပါ့မလား"

"အရင်ဆုံး ဘုံအိမ်ကပဲ လာကြည့်ပါမယ်၊ ဘုံဖေဖေက နေ့တိုင်းနီးပါ ဒီဘက်ကို လာတော့ အဆင်ပြေရင် ဖေဖေနဲ့လိုက်ခဲ့လို့ရတယ်၊ အဆင်မပြေရင်တော့ ဘုံတိုက်ခန်းဖြစ်ဖြစ် ငှားနေရမှာပေါ့"

"အင်း ကိုယ်တို့ သတိတော့ ထားရမှာပေါ့"

"ဘုံ နားလည်ပါတယ် ကိုဂုဏ်"

ဘုံက အရိပ်အကဲသိမြန်သည်။ သူဘာပြောလဲ ချက်ချင်းသိကာ အခေါ်အဝေါ်ကိုပြင်သည်။ ဂုဏ်ရည် ပြုံးမိသွား၏။ ဘယ်လောက်ပဲ စိတ်ညစ်စရာ ရှိရှိ ဘေးနားမှာ ချစ်ရသူက အလုပ်ကိုကူညီပေးတော့မလား။ ဒါက အားတစ်ခုပင်။

DUSK TILL DOWN [Complete] U & ZTempat cerita menjadi hidup. Temukan sekarang