🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-2🌹
မုန်း ပန်းပင်ရေလောင်းနေရင်း ခေါ်သံကြားသဖြင့် ခြံတံခါးနားလျှောက်လာလျှင် ရေမွှေးနံ့ကထောင်းခနဲ အရင်ရလိုက်သဖြင့် နှာခေါင်းလေးမသိမသာ ရှုံ့လိုက်မိပါသည်။
ပြီးမှ သေချာကြည့်လျှင် ဇမ်းတို့လိုပဲအရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့် ကောင်လေးတစ်ယောက်ပါပဲ။
ဇမ်းလိုမျိုး ကြည့်လိုက်တာနှင့် ငေးချင်စရာကောင်းလောက်အောင် မချောပေမယ့် အပြုံးရှိပါသည်။"ဘာကိစ္စလဲဟင်..."
"ဇမ်းဆီလာတာအစ်မ...တံခါးလေးဖွင့်ပေးလို့ရမလား"
"ခ...ခဏလေးနော်"
အိမ်ထဲပြန်ဝင်လာရင်း အပေါ်ထပ်ကဆင်းလာတဲ့ ဇမ်းကိုမြင်လိုက်သည်မို့ မုန်းမရဲတရဲလေးနှင့်...၊
"ဟို...ဟိုအပြင်မှာမင်းဧည့်သည်တဲ့"
ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ကိုနှိုက်ထည့်ထားရင်း ဇမ်းထွက်သွားပြီး သိပ်မကြာ အိမ်ထဲပြန်ဝင်လာလျှင် စောစောကခြံရှေ့မှာ မုန်းတွေ့ခဲ့တဲ့ကောင်လေးတင် မဟုတ်တော့ဘဲ နောက်ထပ်ယောက်ျားလေးသုံးယောက်နှင့် မိန်းကလေးတစ်ယောက်ပါ ထပ်ပါလာသည်။
ဧည့်ခန်းမှာခဏပဲထိုင်ကြပြီး ကားနှစ်စီးဖြင့်ပြန်ထွက်သွားကြ၏။ငုဝါက သူတို့အတွက်သောက်ဖို့ ချထားပေးသည့်အအေးခွက်တွေ ပြန်သိမ်းနေရင်း မုန်းကို
လှည့်ပြောလာသည်က မုန်းရင်ထဲကိုခုန်ပေါက်ဆင်းသွားစေသည်။"အစ်ကိုလေးကလေ သိပ်ရည်းစားပေါတာသိလား မမ...တစ်ခါတုန်းက အစ်ကိုလေးရည်းစားနှစ်ယောက် အစ်ကိုလေးကိုလုရင်း ရန်ဖြစ်ကြတာရပ်ကွက်ရုံးပါ ရောက်သွားတယ်တဲ့..."
ဘုရား...ဘုရား...။မြရည်မုန်းတော့ ပါးရိုက်မခံနိုင်ပါဘူး မေမေရယ်...။
မုန်းကြောက်ကြောက်လန့်လန့်လေးနှင့် မေမေ့ကိုဖုန်းဆက်၍ စေ့စပ်ပွဲကိုလက်မခံနိုင်ကြောင်း ပြောလိုက်မိသည်က မဟာအမှားကြီးဖြစ်သွားရသည်။
အဲ့နေ့ကစပြီး စေ့စပ်ပွဲကဖြစ်လာခဲ့သည်။
🌸🌹🌸