🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹Part-8

2.4K 74 10
                                    


    🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹

           🌹Part-8🌹

ထိုနေ့က ရုံးပိတ်ရက်မို့ အိမ်မှာမိသားစုစုံစုံလင်လင်ကို
တွေ့ရပြီး ဧည့်ခန်း၌ နားနားနေနေရှိကြသည်။နေ့လည်စာစားပြီးခါစမို့ Tvကြည့်သူကကြည့် ဂိမ်းဆော့သူကဆော့နှင့် ဧည့်ခန်းထဲမှာအသံစုံစွာပင်။

မုန်း ဖရဲသီးစိပ်ပန်းကန်လေးနှစ်ချပ် ယူလာရင်း မေမေတို့ရှေ့တစ်ပန်းကန်ချလိုက်ကာ ဇမ်းတို့ရှေ့ပါ နောက်တစ်ပန်းကန်ကို ချလိုက်သည်။မုန်းနောက်ကပါလာတဲ့ ငုဝါကပါ မုန်းလိုပဲ စတော်ဘယ်ရီပန်းကန်လေးတွေ ခွဲချပေးပြီး ပြန်ထွက်သွားသည်။

ထိုစဥ် ဖုန်းတစ်လုံးဖြင့်ဂိမ်းဆော့နေသည့် ခွန်းစက်လင်းက ပါးစပ်လေးဟပြလျက်...၊

"မမမုန်း...သားကိုခွံ့ဦး"

မေမေနှင့်ဖေဖေက Tvကြည့်ရင်း ဖရဲသီးစိပ်လေးတွေ စားနေကြသလို ဇမ်းကFacebookကြည့်ရင်း ခက်ရင်းလေးဖြင့် စတော်ဘယ်ရီခြမ်းလေးကိုထိုးယူလိုက်တဲ့ မုန်းကိုငဲ့ကြည့်လာကာ မထင်မှတ်ထားသည့်သူ့လက်တစ်ဖက်က ရုတ်တရက်ဆိုသလို မုန်းလက်ထဲက စတော်ဘယ်ရီခြမ်းကို ဆတ်ခနဲဆွဲယူစားပစ်လိုက်သည်။

"ငါ့မိန်းမကိုမင်းကခိုင်းစရာလား...လက်မပါဘူးလား၊ကိုယ့်ဟာကိုယ်ယူစား"

"ဖြိ...ဖြိ..."

သူက ကုန်းကုန်းကွကွဖြစ်နေတဲ့ မုန်းကိုယ်လေးကိုပါ ဖျတ်ခနဲသူ့အနားကဆိုဖာခုံပေါ် ဆွဲချလိုက်ရင်း ပါးစပ်ထဲက စတော်ဘယ်ရီခြမ်းလေးအား ဝါးချလိုက်ကာ...၊

"ခင်ဗျားကရောဘာဖြစ်နေတာလဲ...ကိုယ့်လင်ကိုကျပါးစပ်ထဲအရောက်ပို့မပေးဘဲ ဘာကိစ္စနဲ့သူ့ကိုခွံ့ချင်နေရတာလဲ"

ဇမ်းကို မျက်မှန်ကြီးတပ်လျက် မျက်ခုံးပင့်ကြည့်နေတဲ့ ဦးအောင်ဇင်နှင့်ဒေါ်မိုးစန္ဒာပါ တအံ့တသြဖြစ်သွားရလျက်။

ပြူးတူးတူးလေးနှင့် ခွန်းစက်လင်းက ဒီလိုပဲမုန်းကိုဆို ချွဲနေကျမို့ လူကြီးနှစ်ယောက်က မထူးဆန်းတော့ပေမယ့် မုန်းတို့နှစ်ယောက်နှင့် သိပ်ထိုင်လေ့မရှိတဲ့ သူ့အတွက်ကျထူးဆန်းနေသည်။ပြီးတော့ မုန်းကို သူစိမ်းယောက်ျားကချွဲနေတာမျိုးကျ သူ့နားထဲခါးသက်စွာပင်။

 🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹Where stories live. Discover now