🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-12🌹
"မုန်း...မိုးချုပ်တော့မယ်၊ပြန်ကြရအောင်လေ"
မုန်း နေ့လည်ကတည်းက မေမေတို့အိမ်ရောက်နေကာ မိုးချုပ်ခါနီးထိ သူလာစောင့်ခေါ်ပေမယ့် မပြန်ဘဲပေနေ၍ သူ မုန်းအနားတိုးရင်း တဖွဖွချော့မော့ရသည်။
မနေ့က ဇော်သဲတို့အုပ်စုတွေ သူ့ဆီလိုက်လာကြသလို ကိုကိုပါဇော်သဲတို့အုပ်စုကြားထဲ မရမကကပ်လိုက်လာခဲ့သဖြင့် မကောင်းတတ်၍အိမ်မှာတည်းခိုင်း
လိုက်မိသည့်သူ့ကို မုန်းကလုံးဝမကျေနပ်ပေ။သူ့သူငယ်ချင်းတွေပြန်သွားချိန်ကျမှ မကျေနပ်သည့်မြှားဦးက သူ့ဘက်လှည့်လာတော့၏။
မုန်း သူ့ကိုရွာထဲကအပျိုဖြန်းလေးတွေ ငေးမိရင်
တောင် အဲ့လောက်သဝန်မတိုမိပေမယ့် အဲ့ဒီကိုကိုဆိုတဲ့မိန်းကလေးနှင့်တွဲတွေ့ရင်တော့ သဝန်တိုမိတာအမှန်ပါ။မုန်းတို့မဂ်လာဦးညတုန်းကလဲ အဲ့ဒီကိုကိုဆိုတဲ့နာမည်ကြောင့်ပဲ သူတစ်ညလုံးအပြင်ထွက်သွားခဲ့သလို မနက်ငါးနာရီတိတိမှ ပြန်လာခဲ့သည်ကို မုန်းလုံးဝမမေ့ခဲ့ပေ။မုန်းနေလို့မကောင်းလို့ မေမေသူ့ကိုဆေးခန်းပို့ပေးခိုင်းတုန်းကလဲ ဒီလိုပဲ။အဲ့တုန်းက ကိုကိုဆိုတာ အဲ့ဒီမိန်းကလေးဖြစ်မှန်း မုန်းမသိခဲ့ပေမယ့် သူ့ရဲ့ဂရုစိုက်မှုကိုအပြည့်အဝရရှိခဲ့သည့် မိန်းကလေးဖြစ်နေ၍ သဝန်တိုစိတ်နှင့်ကြည့်ခဲ့မိသည်လေ။စိတ်မကောင်းလွန်းလို့ ငိုလည်းငိုခဲ့ရသေး၏။ဇနီးသည်တစ်ယောက်ဖြစ်ပါလျက်နှင့်လည်း နောက်မှာနေခဲ့ရသေးသည်လေ။
မနေ့ကမှ ကိုကိုဆိုတာအဲ့မိန်းကလေးမှန်း သေချာသိလိုက်ရ၍ ဇမ်းကိုမကျေနပ်မိခဲ့သမျှ အတိုးချပြီးတော့ကို စိတ်ကောက်နေခြင်းပင်။ပြန်တွေးဖြစ်ရင်ကို ခုချိန်ထိစိတ်မကောင်းဖြစ်မိတုန်းပင်။ဒါပေမယ့် မောင့်ကိုချစ်တဲ့စိတ်က ပထမဦးဆုံးရှေ့မှာပဲရောက်သွားရကာ ကြာကြာလည်းစိတ်မဆိုးချင်ပါ။
"မုန်း..."
သူ့ကိုယ်တောင့်တောင့်ကြီးဖြင့် အတင်းတိုးဖက်ရင်း ပြန်မလိုက်မချင်းကိုကပ်ခေါ်နေသည့်ဇမ်း။သူ့ဆီက စီးကရက်နံ့တထောင်းထောင်းကလည်း မုန်းနှာခေါင်းဝလေးထဲ စူးနေပြီး ထိုစီးကရက်နံ့တွေထုံနေတဲ့ နှုတ်ခမ်းဖြင့်လည်း မုန်းပါးလေးတွေကို ထိထိမိမိလိုက်နမ်း၏။