🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹Part-3

2.6K 65 0
                                    


🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹

🌹Part-3🌹

ဦးအောင်ဇင်နှင့်ဒေါ်မိုးစန္ဒာက ဇမ်းတို့မဂ်လာကိစ္စအဝဝအတွက် သွားဟဲ့လာဟဲ့နှင့် ပင်ပင်ပန်းပန်းစီစဥ်ကြကာ အိမ်ကပ်ရသည်မရှိ ကားတစ်စီးဖြင့် ခဏခဏအပြင်ထွက်ကြရသလောက် ဇမ်းတို့ကဂစ်တာတီးပင် မပျက်။မသိရင် မဂ်လာပွဲကသူနှင့်လုံးဝ မဆိုင်သည့်ပုံစံပင်။

ဘီယာဘူးတွေက ရှိပေမယ့် အမြည်းမရောက်သေးသဖြင့် ဂစ်တာသုံးလက်နှင့် တီးသူကတီး သီချင်းညည်းသူကညည်းနှင့် ဇမ်းတို့အုပ်စုလိုက် ဆူညံနေကြ၏။

ငုဝါအစားမှားပြီး ဝမ်းလျှောဝမ်းပျက်ဖြစ်နေ၍ မုန်းအမြည်းဗန်းလေးကိုင်ကာ ဝရန်တာဘက်ထွက်လာခဲ့ပေမယ့် သီချင်းသံ၊ဂစ်တာသံတို့ဆူညံနေတာကြားထဲက ရင်တွေပမ်းတွေတုန်နေရတာပင်။သူတို့အုပ်စုလိုက် အပေါ်ထပ်ကိုတက်သွားတာ လှမ်းမြင်လိုက်ကတည်းက မိန်းကလေးတစ်ယောက်မှ မပါဘဲ ဇမ်းတို့အရွယ်ကောင်လေးတွေချည်းသာဖြစ်၍ လူကြောက်တတ်သည့် မုန်းဒူးတွေတုန်လာရပြီ။

မုန်း တွန့်တွန့်ဆုတ်ဆုတ်ကလေးနှင့် သူတို့အနားကိုလျှောက်သွားကာ အမြည်းပန်းကန်လေးတွေ စားပွဲခုံရှည်ပေါ်ချပေးသည်နှင့် ဟိုတစ်ခါခြံဝမှာတွေ့ခဲ့တဲ့ ကောင်လေးကမုန်းကိုပြုံးပြလာကာ...၊

"အစ်မဆံပင်အရှည်ကြီးပဲနော်...ခုခေတ်မိန်းကလေးအများစုက အစ်မလိုဆံပင်ရှည်မထားကြတော့ဘူး၊အစ်မနဲ့လိုက်တယ်..."

မုန်း မဝံ့မရဲလေးပြုံးလိုက်ရင်း နောက်ဆုံးအမဲကြော်ပန်းကန်လေးချလျှင်...၊

"အဟမ်း...သူများစားမယ့်သောက်မယ့်ဟာ လာချပေးတာ ဆံပင်ကြီးတခါခါနဲ့ အမွှေးတွေအတောင်တွေ ဝင်ကုန်ပါဦးမယ်၊ဟိုကောင်မလေးက ဘာလုပ်နေလို့လဲ..."

လက်ထဲကဂစ်တာနီညိုရောင်လေး ခပ်ဆောင့်ဆောင့်ပစ်ချလိုက်ရင်း မုန်းကိုခပ်စေ့စေ့စိုက်ကြည့်ရင်း ပြောသည့်ဇမ်းကြောင့် မုန်းမျက်နှာလေးရဲသွားလျက် ကျောပြင်မှာဒီတိုင်းဖြန့်ချထားသော မစိုမခြောက်ဆံပင်လေးတို့ လှုပ်သွားသည်ထိ ခေါင်းလေးခါရင်း...၊

 🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹Where stories live. Discover now