🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-20🌹
🎶မမကသိပ်ချစ်ဖို့ကောင်းတယ်
လူကွယ်တိုင်း အနားနားကပ်ကာရယ်
တိတ်တိတ်ကလေးခိုးခိုးပြီးနမ်းတယ်
မမကို သိပ်ချစ်တာပဲကွယ်🎶ဇမ်း မူးမူးလေးနှင့် ဆိုလိုက်သည့်သီချင်းဆိုတာ အဲ့နေရာပဲထပ်နေတာမို့ မုန်း တဗြန်းဗြန်းသူ့ကျောပြင်ကို ထုချတော့သည်။
အာလေးလျှာလေးနှင့် ဘုရားခန်းမှာ သူ့အတွက်ခင်းပေးထားတဲ့ အိပ်ရာပေါ်ငိုက်စိုက်ကြီးထိုင်၍...၊
"မုန်းကလည်း...မောင်...မောင်အထဲမှာပဲအိပ်...အိပ်မယ်လေ...နော့် အစ်..."
လေသံမဆက်မိဘဲ ဂျို့လျှောက်ရင်းပြောနေတဲ့ ဇမ်းကို မုန်းကငိုထားတဲ့မျက်နှာမို့မို့လေးနှင့် ခပ်တင်းတင်းကလေးတစ်ချက်ကြည့်ရင်း...၊
"ဒီလောက်မူးရူးနေတာ ဘာကိစ္စနဲ့အထဲမှာအိပ်ချင်ရတာလဲ...ငမူးကငမူးနေရာမှာပဲအိပ်၊ထန်းရည်အိုးထဲမှောက်လာသလားမသိဘူး နံစော်နေတာပဲ..."
"အဟွန့်...မောင်...မောင် သွားတိုက်ပြီးအစ်...ရေချိုးမယ်လေ"
"မုန်း တူမကြီး...ဦးလေးပြန်ပြီနော်"
ခြင်ထောင်ဆွဲချပေးရင်း ဦးရွှေစိုးအားလှမ်းကြည့်မိလျှင် ခပ်သုတ်သုတ်ဖြင့်အိမ်ထဲမှ ထွက်သွား၏။
"မုန်း...မောင့်...မောင့်ကိုအခန်းထဲတွဲကွာ...ပူတယ်"
"ဇမ်း ရှင့်ကိုခြင်ချီပြေးအောင် မထားပေးတာပဲ ကျေးဇူးတင်...မရစ်နဲ့ အိပ်စရာရှိအိပ်"
သင်ဖြူးဖျာခင်းအောက် ခြင်ထောင်စထိုးပေးနေသည်ကို ခေါင်းကြီးငေါက်ခနဲထောင်ကာ ပြူထွက်လာတဲ့ဇမ်းကြောင့် မုန်းကျစ်ခနဲစုပ်သပ်လိုက်ကာ ဒေါသကထွက်လာ၏။
ကိုယ်ကတော့ သူ့အိပ်ရာထဲခြင်ဝင်မှာစိုးလို့ ဂရုစိုက်လိုက်ရတာ သူကဖြင့်ဗြတ်ခနဲ ခြင်ထောင်စကိုဆွဲမလိုက်သည်မှာ အားနဲ့မာန်နဲ့ပြည့်လို့။
"ပူတယ်...အ...အထဲမှာအိပ်မယ်"
"ရှင် ဆေးခန်းမှာလဲ အဲ့လိုပဲအထဲမှာအိပ်မယ် ပြောခဲ့တာပဲလား"