🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-13🌹
ဇမ်း တစ်ရေးနိုးချိန် စီးကရက်ထသောက်ရင်း မုန်းနိုးမည်စိုး၍ လိုက်ကာစကိုခပ်ဖြေးဖြေးလေးဖွင့်ရင်း ပြတင်းတံခါးကို လှပ်လိုက်လျှင်...၊
တောင့်တောင့်ကြီးနှင့် လုံးနေအောင်ခြံထဲမှထွက်သွားသည့် ကိုရွှေစိုး။တာပေါ်ကိုစူတက်သွားပြီး ခေါင်းကြီးထောင်မတ်လျက် လမ်းလျှောက်ရင်းသူ့လက်ကြီးနှစ်ဖက်ဟာ ငြိမ်နေ၏။ဇမ်း နဂိုဓာတ်ခံကမှ သရဲကြောက်တတ်ပါသည်။
ကိုရွှေစိုးရဲ့မူမမှန်တဲ့ပုံစံကြီး လှမ်းကြည့်ပြီး ပြတင်းတံခါးဖျတ်ခနဲ ပိတ်ချပစ်လိုက်ကာ လိုက်ကာစတွေကိုပါ တစ်ခါတည်းလရောင်မဝင်တော့အောင် ကပျာဆွဲပိတ်လိုက်ပြီး မုန်းအနားဝင်လှဲ၏။အိပ်ရာပေါ်ထိပါလာတဲ့ လက်ထဲကစီးကရက်တိုအား ပြာခွက်ထဲမမှီမကမ်း လှမ်းထိုးချေလိုက်ပြီးမှ မုန်းကျောပြင်လေးကို နောက်ဖက်ကတင်းနေအောင် သိုင်းဖက်ထားမိ၏။
ကြောက်ကြောက်နဲ့မုန်းလည်တိုင်လေးကို ဇမ်းဖိကပ်နမ်းရင်း မျက်လုံးအသာမှိတ်၍ ငြိမ်နေရကာ မုန်းကိုယ်ငွေ့နွေးလေးတို့ဖြင့် သူ့ကိုယ်ကြီးထိကပ်သွားပြီး ခဏကြာမှ သူပြန်အိပ်ပျော်သွားသည်။
"တောက်!...မိုက်လိုက်တာ၊ကိုယ့်အဖေနဲ့မတိမ်းမယိမ်းအရွယ်ကြီးကို အိပ်ခန်းထဲထိခေါ်အိပ်ရတယ်လို့...တောက်"
"အဟင့်...အဟီး..."
အိပ်ခန်းထဲတွင် အကျီမပါဘဲ ပုဆိုးတစ်ထည်နှင့် ငုတ်တုတ်ကြီးထိုင်နေသည့် ကိုရွှေစိုးကိုကြည့်ပြီး ခင်ပြည့်စုံ၏ဖခင် မျက်နှာကြီးမဲလျက် တည်တင်းခက်ထန်နေသလို သူမတို့သားအမိနှစ်ယောက်သားကတော့ ခုတင်ပေါ်မှာဖက်ယက် ငိုယိုနေကြလျက်။
နှုတ်ခမ်းထူအမ်းအမ်းကြီးတို့နှင့် ကိုရွှေစိုးသည် သူဒီကိုညက ဘယ်လိုရောက်လာခဲ့သလဲ မသိပေမယ့် သူနိုးချိန်ကျ အဝတ်မပါတဲ့ခင်ပြည့်စုံကိုယ်လုံးလေးကို တင်းကျစ်နေအောင်ဖက်ထားပြီး ရုန်းကန်နေတဲ့သူမလက်လေးတွေကိုတောင် သူ့အကျီစနှင့်ချည်ခဲ့သည်ထိ။သူ့စိတ်တွေက ဘာဖြစ်သွားခဲ့တာလဲ။