🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-14🌹
ဖြူလွလွပိတ်စအောက်၌ ရုပ်အလောင်းတစ်ခုက မုန်းအားဆီးကြိုနေ၏။အေးစက်စက်ခြေအစုံတို့မှာ တရွေ့ရွေ့ပင်လှမ်းမိပေမယ့် ကျင်ခဲတက်လာသည်က ခြေသလုံးသားလေးတို့တလျှောက်လုံး ထုံတင်းစွာ။
မျက်ရည်တို့ပြည့်လျှံနေသည့် မုန်းမျက်ဝန်းအိမ်တို့ဟာ အလောင်းဘေးသို့ တရွေ့ရွေ့ဖြင့်ရောက်လာသည်နှင့် အတားစီးမဲ့စွာ ပိုးပိုးပေါက်ပေါက်လိမ့်ဆင်းလာလျက် ရှိုက်သံတို့ပင်မထွက်နိုင်သည်ထိ။ရင်ဝမှာ စို့ကြပ်နေသည့်ခံစားချက်။ဝမ်းပမ်းတနည်းငိုမိသည်မှာ အခန်းကျဉ်းလေးထဲတွင် ရှိုက်သံလေးတို့မထွက်နိုင်ဖြစ်ကာ တောင့်တောင့်မတ်မတ်ကြီးနှင့် ကိုယ်လုံးလေးမှာယိုင်နှဲ့နှဲ့ဖြင့် လဲပြိုကျတော့မတတ်ပဲ။
မမြဲတော့သည့်ခြေအစုံမှာ ဒူးလေးနှစ်ဖက် ခွေခနဲပျော့ကျသွားရင်း ပိတ်စဖြူလွလွအား ဖြေးဖြေးချင်းလှပ်ကြည့်လိုက်၏။ထွက်ပေါ်လာတဲ့ မျက်နှာတစ်ခုဟာ သူမသိပ်ချစ်ရပါတဲ့ ယောက်ျားတစ်ယောက်၏မျက်နှာချောချော။
အသက်မရှိတော့ချိန်မျိုးမှာတောင် နှုတ်ခမ်းတွေကအစ ချောမောနေတုန်းပါ။မဟာနဖူးပြေပြလေးနှင့် ယောက်ျားပီသသော ပါးရိုးအကျပုံစံတို့ဟာ မုန်းမျက်လုံးထဲက ဘယ်သောအခါမှဖျောက်ဖျက်ပစ်လို့မရနိုင်တဲ့အထိကို မှတ်မိနေစေတဲ့ ထိုယောက်ျားရဲ့တစ်ခုတည်းသော ဆွဲဆောင်မှုပင်။
သူ့နဖူးပြင်ကို ငုံ့နမ်းလိုက်ရင်း ပါးပြင်ပေါ်မှမျက်ရည်တို့ဟာ ပေါက်ခနဲ လိမ့်ဆင်းသွားလျက်။ထိုမျက်ရည်တွေကိုမုန်းလိုက်တာ။မုန်းက မောင်နဲ့ပတ်သက်လာရင် အမြဲတမ်းပျော်နေချင်ခဲ့တာ။မောင်...မောင်မရှိရင် မုန်းဘယ်လိုအသက်ဆက်ရပါ့မလဲ မောင်ရယ်။မုန်းဗိုက်ထဲမှာလဲ ကလေးလေးနဲ့လေ...။မောင်ရက်စက်လိုက်တာ။မုန်းကို ထားခဲ့ရက်တယ်နော်...အမြဲတမ်း ဒီလိုပဲမျက်ရည်တွေနဲ့ ထားခဲ့ချင်တာပဲလား။ထပါဉီး မောင်ရယ်...ခဏလေးပဲဖြစ်ဖြစ် မုန်းကိုထကြည့်ပါဉီး။မောင်မရှိရင် မုန်းတော့သွားပြီ။