🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-19🌹
"မုန်း...မောင့်ကိုစုပ်ကျွေး"
"အို..."
"အ!..."
သရက်သီးသုပ်ဇလုံကြီး ချပေးလာသည့်မုန်းအနားတိုးထိုင်ရင်း ပြောလိုက်တဲ့ဇမ်းစကားသံကြောင့် ထမင်းစားနားချိန် ဝိုင်းဖွဲ့နေကြသော အလုပ်သမားအုပ်ကြီးရဲ့"ဟာခနဲ"ဖြစ်သွားကာ အကြည့်တွေစုပြုံရောက်လာ၏။
ရှက်ရှက်ဖြင့် မုန်းလက်တစ်ဖက်က ဇမ်းဗိုက်ကြောကိုဆွဲလိမ်ပြီးသားလည်း ဖြစ်သွားသလို မျက်နှာကလေးရဲပတောင်းခတ်လျက်။
"မုန်းကလည်း...မောင်မှအစပ်မစားနိုင်တဲ့ဟာ၊လုပ်ပါ"
ဗိုက်ကိုပြန်ပွတ်ရင်း သနားစရာရုပ်လေးလုပ်ပြနေသဖြင့် သနားစိတ်ဝင်မိသွား၏။ဒါပေမယ့် ဒီလောက်လူတွေအများကြီးရှိနေတဲ့ဟာ အဲ့ပါးစပ်ကြီးကပြောထွက်တာ အံ့သြပါရဲ့။သရက်သီး မရမ်းသီးလိုအချဉ်မျိုးဆို လှည့်မကြည့်တတ်တဲ့ဇမ်းကြောင့် မုန်းမျှင်ငပိလေးနဲ့စပ်စပ်လေး သုပ်လာပေးခြင်းပင်။
"ကိုဇမ်းကြီးကလည်းဗျာ...မမုန်းကိုအရမ်းချွဲတာပဲ၊လူကြည့်တော့တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ယောက်ျားဗလကြီးမှအားမနာဘူး..."
"ီး...ငါ့မိန်းမငါချွဲတာဘာဖြစ်လဲကွ...မမြင်ချင်မျက်စိမှိတ်ထား"
ခမောက်ဝိုင်းကြီးကို ထိုကောင်လေးမျက်နှာပေါ် ပစ်အုပ်ပေးလိုက်ရင်း ပြောလိုက်တဲ့ဇမ်းက မုန်းကိုစောစောကချွဲနေတဲ့ အသံမျိုးနဲ့တခြားစီမို့ အားလုံးတအံ့တသြဖြစ်သွားရသည်။တတ်လည်းတတ်နိုင်တဲ့
ဇမ်းပင်။သူများတွေ တရှူးရှူးစားနေကြတဲ့ သရက်သီးသုပ်စပ်စပ်လေးနဲ့ တောင်ပေါ်လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းပူမွှေးမွှေးလေးက ဇမ်းနှာခေါင်းဝထဲမွှေးနေသလို စားချင်စိတ်တဖွားဖွားဖြစ်လျက်။
ဖျာကြမ်းခင်းထားပြီး တပြုတ်ပြုတ်စားသောက်နေကြတဲ့ ဝိုင်းကြီးထဲဟိုငေးဒီငေးဖြစ်နေတဲ့ဇမ်းကို မုန်းတံတောင်နဲ့တို့လိုက်ရင်း ခပ်တိုးတိုးဖြင့်...၊