🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-4🌹
"တောက်!..."
"ခွပ်!..."
"အို...ကိုအောင်"
ဇမ်း ဉီးအောင်ဇင်၏လက်သီးရှိန်ကြောင့် မျက်နှာတခြမ်းလည်ထွက်သွားကာ နှုတ်ခမ်းထောင့်စွန်းမှ သွေးစများအား လက်မဖြင့်ပြန်သုတ်လိုက်၏။
ဉီးထွန်းမြရှိန်နှင့်ဒေါ်နွှဲ့ရီက မျက်နှာတွေပျက်လျက် ဆွဲကာတားကာဖြစ်ကြရင်း ဒေါ်မိုးစန္ဒာမှာလဲငိုမဲ့မဲ့ပင်
ဖြစ်နေရပြီ။"ပါးရိုက်သွားတာဆိုရင်ခံသာသေးတယ်...ခုဟာက...တောက်!..."
"တော်...တော်ပါတော့"
"လူငယ်ဆိုတော့ဖြစ်တတ်ပါတယ်၊ကဲ...သမီး သားကိုခေါ်ပြီးအပေါ်တက်တော့"
ဉီးအောင်ဇင် ဒေါသတွေနှင့်အံကြိတ်ရင်း ဇမ်းကိုစူးစူးရဲရဲကြီးကြည့်ကာ လက်ထပ်ရွယ်လိုက်ပေမယ့် ဉီးထွန်းမြရှိန်က အတင်းပြန်ဆွဲ၍ မုန်းတို့ကိုသာအပေါ်တက်ဖို့ ပြောသဖြင့် ရင်တမမနှင့်ဒေါ်မိုးစန္ဒ ဇမ်းတို့အပေါ်ထပ်တက်သွားမှ မျက်စိစုံမှိတ်ချနိုင်တော့၏။
ကိုယ့်သားမှားတာမှားခဲ့တာပေမယ့် ထိခိုက်မှာမျိုးကျ မလိုလားတာ ဒါဟာမိခင်တို့၏မေတ္တာတရားသာ။
"အ!..."
ပေါက်ပြဲသွားတဲ့ သူ့နှုတ်ခမ်းက အတော်ဖောင်းပြီးသွေးစို့နေသည်မို့ မုန်းနားကြပ်တောင်လေးနှင့်တို့ကာ ဆေးထည့်ပေးလျှင် သူ့ဆီကအော်သံနှင့်အတူ အ
ကြည့်စူးစူးတွေကရောက်လာကာ...၊"သေအောင်လုပ်နေတာလား"
"ဟို...မ...မဟုတ်ပါဘူး၊စပ်သွားလား..."
"ကျစ်!...ပေါက်နေတဲ့နှုတ်ခမ်းကို ဆေးထည့်တာမစပ်ဘဲနေမလား၊သာသာယာယာလုပ်ပါ"
မုန်း မျက်နှာကလေးတင်းသွားသဖြင့် သူလက်တွေကို ပုတ်ချပစ်ရင်း...၊
"စိတ်မပါရင်မလုပ်နဲ့၊တကယ်စိတ်ရှုပ်တယ်"
သူရေချိုးခန်းထဲဝင်သွားလျှင် မုန်းငေးကျန်ခဲ့ရင်း ဒေါသဖြစ်မိပေမယ့် မြိုသိပ်ရပါသည်။မဂ်လာဉီးညမှာ နှစ်ဖက်မိဘတွေကို တရိုတသေကန်တော့ရမည့် ထိုအချိန်ဆိုတာမရှိခဲ့သဖြင့် ပိုလို့ပင်ဒေါသဖြစ်မိသေးသည်။ပြီးတော့ အမှားလုပ်ခဲ့သည်မှာ မုန်းမဟုတ်ဘဲ သူ့ကြောင့်ဖြစ်လာတဲ့အတွက် အားနာမှုလေးတော့ရှိရမည်မဟုတ်လား။