🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-18🌹
ဆေးရုံကဆင်းလို့ရပြီဆိုတာနဲ့ သူကနယ်ကအိမ်ကိုပဲပြန်ဖို့ ဉီးတည်သည်။မေမေစိတ်မချ၍ တားနေသည်ကို ဂရုမစိုက်ဘဲ သူအတင်းပြန်လာတော့လည်း မုန်းလည်းမနေသာ သူနှင့်အတူပြန်လိုက်လာခဲ့ရ၏။
"ငါ့မြေးကိုတောမှာနေပြီး တောသားလုံးလုံးဖြစ်အောင်လုပ်နေတာဂျွန်ဇမ်းတို့က...အမလေး...ချစ်လို့တောင်မဝသေးဘူး ငါ့မြေးလေး"
မေမေသားကိုချီပြီး စိတ်မချဖြစ်နေပုံကြောင့် ဇမ်းတို့ပြန်ပြောလာသည်က...၊
"အဲ့လောက်အဖြစ်သည်းနေရင် ခေါ်ထားလိုက်၊ကျွန်တော်တို့လင်မယားနှစ်ယောက်တည်း နားအေးပါးအေးနေလို့ရတယ်..."
ရောဂါပျောက်သွားတော့ လေသံကပြန်မာလာပြီဖြစ်သလို မျက်စောင်းထိုးလျက် မုန်းလိမ်ဆွဲတာပါ တဆက်ထဲခံလိုက်ရသည်။ဘယ့်နှယ့် ကိုယ့်သားသမီးတောင်ရှုပ်တယ်ထင်နေရတာလဲ။တော်တော်မေတ္တာတရားကြီးမားတဲ့ ဖအေ။
ခြံထဲကားထိုးဝင်လာလိုက်သည်နှင့် ကိုရွှေစိုးကြီးက ကားပေါ်ကအထုပ်တွေ လာသယ်ပေးကာ ဝမ်းသာအားရကြိုသည်။မုန်းတို့အနားမှာ ရစ်သီရစ်သီလေးလာလုပ်နေတဲ့ သီတာ့ခမျာ ဇမ်းကိုကြောက်၍ မုန်းလက်ထဲကကလေးကိုချီဖို့မရဲ။မုန်းသားကိုမမွေးခင်ရော သားကိုမွေးပြီးချိန်ရော သီတာအောက်ခြေသိမ်း လာလုပ်ကိုင်ပေးရှာသည်။
ကလေးချီချင်၍ လက်လေးတပြင်ပြင်ဖြစ်နေတဲ့ သီတာ့ဆီ မုန်းလည်း တလမ်းလုံးပင်ပန်းနေ၍ သားကိုထည့်ပေးလိုက်ရင်း...၊
"တစ်လမ်းလုံးပင်ပန်းလာတာ သီတာထိန်းပေးမယ်မို့လား...သားအိပ်ချင်ရင် ပုခက်ထဲမှာလာသိပ်ပေးနော်"
"ဟုတ်...ဟုတ်ကဲ့ မမမုန်း"
ဇမ်းကဘာမှဝင်မပြောသဖြင့် သီတာကိုခွင့်လွှတ်သည်ဟု မပြောနိုင်ပေမယ့် ဟိုအရင်လိုဒေါသတွေနဲ့ မောင်းထုတ်တာမျိုးလည်းမလုပ်၍ သီတာ့ခမျာပြုံးနိုင်သည်။
အခန်းထဲရောက်တော့ မုန်းက အပေါ်ထပ်အကျီအပါးလေး ချွတ်လိုက်ရင်း ဇမ်းရှပ်အကျီကြယ်သီးတွေကိုပါ စိတ်ရှည်လက်ရှည်လေး ဖြုတ်ပေးလာသည်။ပြီးတော့ ငုတ်စိလေးတွေထိုးထွက်လာသော နှုတ်ခမ်းမွှေးစစတို့ဖြင့် ချောမောနေတဲ့ဇမ်းမျက်နှာကို မုန်းဖျတ်ခနဲမော့ကြည့်ရင်း ကြယ်သီးလည်းအဖြုတ်မပျက်စေရဘဲ...၊