🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹Part-6

2.3K 75 1
                                    


    🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹

           🌹Part-6🌹

"ဖေဖေတို့ကလုပ်ပြီ၊ဘယ်ကမှန်းမသိတဲ့ဟာတွေ အိမ်ပေါ်ခေါ်တင်ဦးမယ်...ကြာရင်ကျုပ်ပါဗုံပျောက်တော့မယ်၊အိမ်ကိုဒုက္ခသယ်စခန်းများမှတ်နေလား မသိဘူး..."

"ဟေ့ကောင်...ငါလုပ်လိုက်ရ"

"ကဲ...အလုပ်သွားခါနီးစိတ်တိုမနေပါနဲ့တော့ ကိုအောင်ရယ်...သွားစရာရှိတာသာ ဖြောင့်ဖြောင့်သွားပါ သားကစိတ်ထဲရှိလို့ပြောတာမှမဟုတ်တာ၊သွားတော့"

သားအဖနှစ်ယောက်အိမ်ထဲက အတူတူထွက်လာကြကာ ဆင်ဝင်အောက်ရောက်မှ သူ့ဘာသာရေရွတ်သလိုပြောသွားတဲ့ဇမ်းကြောင့် ဦးအောင်ဇင်စိတ်တိုစွာ လက်တပြင်ပြင်နှင့် ကားပေါ်တက်ဖို့ပြင်နေတဲ့ဇမ်းကို အခဲမကျေစွာလှမ်းကြည့်လိုက်၏။

လက်ကိုင်အိတ်အမဲကိုဆွဲထားသလို ဦးအောင်ဇင်လက်ကိုပါ လှမ်းဆွဲလိုက်ကာ ကားပေါ်ထိုးတင်ပေးလာတဲ့ ဒေါ်မိုးစန္ဒာကြောင့် ဒရိုင်ဘာအသင့်ဖွင့်ပေးထားတဲ့ကားပေါ်သူရောက်သွား၏။

ဇမ်းရဲ့ကားမဲက ခြံထဲမှအရင်ထွက်လိုက်သလို ခြံဝရောက်သွားသည်နှင့် ကားမှန်ချ၍ အော်ပြောလိုက်
သည့်စကားက ဦးအောင်ဇင်မျက်နှာကြီး ရဲတက်သွားရလျက်ပင်။

"ပထမတစ်ယောက်တော့ သားနဲ့ပေးစားလို့ရမယ်နော်...ဒီတစ်ယောက်ကတော့ ယောက်ျားချင်းမို့ဖေဖေပဲယူလိုက်တော့၊သွားပြီမေမေ..."

ဇမ်း ပြောချင်ရာပြောပြီး မေမေ့ကိုလက်ပြနှုတ်ဆက်လိုက်ချိန် အိမ်ပေါက်ဝမှ သံပန်းတံခါးချပ်ကြီးနားမှာ ရပ်ကျန်ခဲ့သည့်ပုံရိပ်လေးကိုလည်း လက်ပြခဲ့ပါသေးသည်။မုန်းကဒီလိုပဲ သူ့ကိုဆိုအမြဲမရဲတရဲ ပုံစံလေး
နှင့်ပဲဆက်ဆံနေကျ။အလုပ်သွားခါနီး အလုပ်ပြန်ခါနီးဆို သူ့အနားမှာရစ်သီရစ်သီလေး လာလုပ်နေတတ်ပေမယ့် ရဲရဲတင်းတင်းကြီး လက်လာဆွဲတာမျိုး၊တာ့တာပြပြီးနှုတ်ဆက်တတ်တာမျိုး မရှိခဲ့ပေ။

"ဒီခွေးသားနဲ့"

ဇမ်းကားထွက်သွားသည်နှင့် ဦးအောင်ဇင်ထဆဲလိုက်ရင်း ဒေါ်မိုးစန္ဒာကိုငဲ့ကြည့်မိမှ ပါးစပ်လေးဟလျက် သူ့ကိုဘုကြည့်ကြည့်ပြီ။

 🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹Where stories live. Discover now