🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹Part-9

2.5K 76 4
                                    


    🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹

           🌹Part-9🌹

တစ်ခုခုဖြင့်ဆုပ်ကိုင်ခံထားရသလိုမျိုး မုန်းလက်ချောင်းလေးတွေတင်းနေသည်မို့ မျက်လုံးအသာဖွင့်ကြည့်လိုက်မိ၏။

ဆေးရုံခုတင်ပေါ်မှာ လှဲနေသည့်မုန်းဘေးမှာ မှီရင်းအိပ်​ပျော်နေတဲ့ဇမ်းကို တွေ့လိုက်ရကာ မုန်းလက်ချောင်းလေးတွေအား ဇမ်းမလွှတ်စတမ်းဆုပ်ကိုင်ထားပြီး သူ့ပါးပြင်နှင့်ထိကပ်ထားလျက်။

ရှင်းသန့်ချောမွတ်ပြီး ငြိမ်သက်နေတဲ့ သူ့မျက်နှာသည် ခုလိုအိပ်မောကျနေချိန်မျိုးမှာတောင် မုန်းကိုအနိုင်ယူလွှမ်းမိုးနိုင်ပါသည်။

မုန်း သူ့ကိုဘယ်အချိန်ကတည်းက စချစ်မိသွားခဲ့လဲ မသိပေမယ့် မောင့်ကိုချစ်မိနေပြီဆိုတာတော့ နှလုံးသားကသေချာနေခဲ့ပါပြီ မောင်ရယ်...။မောင်ဘယ်လိုအမှားမျိုးကိုပဲ ကျူးလွန်ခဲ့ပါစေ ချစ်တဲ့စိတ်တို့က တစ်စိုးတစ်စိမှလျော့ပါးသွားခြင်းမရှိခဲ့ဘူးဆိုတာ မုန်းသာအသိဆုံးပါ။

ဒါပေမယ့်...နူးနူးညံ့ညံ့ မုန်းရဲ့နှလုံးသားကတော့ ဒီဒဏ်တွေကို ခံနိုင်စွမ်းမရှိပါဘူးလေ...။

ဘဝတလျှောက်လုံးမှာ တစ်ယောက်တည်းကိုပဲ ချစ်ခဲ့မိတဲ့မုန်းအတွက်ကျ ရွေးချယ်ခွင့်လေးတော့ ပေးရမည်မဟုတ်ဘူးလား။

မုန်း သူ့ပါးပြင်ကိုဖွဖွထိကိုင်ကြည့်မိရင်း သက်ပြင်းလေးခဏခဏချမိပြန်သည်။မောင့်ကို မမုန်းရက်လေတဲ့နှလုံးသားက မောင်နဲ့လုံးဝမခွဲခွာချင်။ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မောင့်ကိုချစ်ပါသည်။ရင်ထဲမှာ တင်းကြပ်နေတဲ့ခံစားကြီးကလည်း ပြည့်နှက်စွာနေရာယူနေခဲ့လျက်။

သူမကြားနိုင်တဲ့ ရင်ထဲမှလာတဲ့စကားလုံးတွေသည် ထပ်ခါတလဲလဲ မောင့်ကိုချစ်သည်ဆိုတာပဲ။

လည်ချောင်းဝမှာကြပ်စို့နေတဲ့ စကားလုံးတွေဟာ ထွက်ကျမလာခဲ့ပေမယ့် ပါးပြင်ပေါ်မှဖြတ်ပြေးသွားတဲ့ မုန်းရဲ့မျက်ရည်စက်တွေကတော့ အတားစီးမရှိစွာ ခုန်ပေါက်ဆင်းသွားခဲ့၏။

မောင့်ကိုချစ်ပါသည်...။အကြိမ်ကြိမ်အခါခါ ရူးမိုက်မိအောင်ကို ချစ်မိသွားခဲ့တာပါ မောင်ရယ်...။

 🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹Where stories live. Discover now