🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-7🌹
"သူ့ကိုအကုန်ပေးတော့ ကျွန်တော်ကဘာသွားသုံးရမှာလဲဗျာ..."
ဇမ်းမှုန်ကုတ်ကုတ်နှင့် ကျွတ်ကျွတ်အိတ်ဖြင့်ထုတ်
ထားသည့် ပိုက်ဆံထုတ်လေး စားပွဲပေါ်ပစ်ချလိုက်ရင်း အလိုမကျစွာပင်။သူ့လစာကရလာသည်မှာ ဆယ့်ငါးသိန်းတိတိပဲဖြစ်သလို ဟိုအရင်မေမေ့ဆီကတောင်းသုံးနေကျ တစ်လစာ မုန့်ဖိုးနှင့်ယှဥ်လျှင် မပြောပလောက်သည့် ငွေ
amountလေးပဲမို့ ဒီပိုက်ဆံကို မုန်းကိုလုံးဝမအပ်ချင်။ပြီးတော့ သူဖေဖေ့ကုမ္ပဏီမှာ အလုပ်စဝင်ကတည်းက အိမ်ကမုန့်ဖိုးတစ်ပြားတစ်ချပ်မှ မရတော့၍ Clubထဲတောင်မရောက်ဖြစ်တာ ကြာခဲ့ပြီလေ။ဒါကိုမှ သူမကိုအကုန်အပ်ရမည်ဆိုတော့ သူကသုံးချင်တဲ့အချိန်တိုင်း လက်ဖြန့်တောင်းရမည့်အခြေနေမို့ သူလက်မခံချင်ဖြစ်ရ၏။
ဒေါ်မိုးစန္ဒာ ဇမ်းကိုလက်လေးပိုက်ရင်းရပ်ကြည့်လာကာ...၊
"အိမ်ထောင်သည်ယောက်ျားတစ်ယောက်က ပိုက်ဆံရှာပြီးမိန်းမကိုအပ်ရမှာ ဒါသဘာဝပဲ သား...သားဖေဖေအိတ်ထဲကိုကြည့်ကြည့်လိုက် အလွန်ဆုံးတစ်သိန်းအပြင် မေမေပေးမကိုင်ဖူးဘူး...ဒီလိုထိန်းချုပ်မှ အလေအလွင့်မဖြစ်မှာပေါ့သားရဲ့၊လိုအပ်တာရှိရင် မုန်းလေးဆီကတောင်းသုံးလေ...ဘာသုံးဖို့ဘာစွဲဖို့ပြောဖို့တော့ လိုအပ်တယ်၊ကဲ...သမီးပိုက်ဆံသိမ်းလိုက်...နောက်လတွေလည်းအပ်ရမယ်နော်၊သားအတွက်အထိန်းအကွပ်ရှိသွားတာပေါ့...ယူလေသမီး..."
မှုန်ကုတ်နေသည့်သူ့မျက်နှာကြီးကိုတလှည့် ပိုက်ဆံထုတ်ကိုအတင်းထိုးပေးနေတဲ့ မေမေ့ကိုတလှည့်ဖြင့် ကြားထဲကမုန်းကပဲ အိတ်လေးကိုတွန့်တွန့်ဆုတ်ဆုတ်ဖြင့် ကိုင်လိုက်ရသည်။
ထိုစဥ် ခြေလှမ်းကျဲကြီးတို့ဖြင့် ဧည့်ခန်းထဲကချာခနဲ လှည့်ထွက်သွားသည့်ဇမ်း မုန်းပခုံးလေးအား မညှာမတာတွန်းတိုက်သွားကာ အပေါ်ထပ်သို့တက်သွားသ
ဖြင့် မုန်းရင်ဘတ်လေးအသာဖိရင်း သူ့နောက်အပြေးလိုက်ခဲ့ရသည်။