<Uni>
At Sim's House
"ဒီနေ့ အချိန်ဇယားက ဘာတွေလဲ"
စိတ်ညစ်ညူးစွာနဲ့ မေးလိုက်တဲ့ ဂျယ်ယွန်း…
"ဒီနေ့ အင်တာဗျူးဖို့ရယ် ညနေပိုင်း ဥက္ကဌကတော်နဲ့ ချိန်းထားတာရယ်ပဲ ရှိပါတယ်"
"ဟုတ်ပြီ အဲ့တာဆို ကုမ္ပဏီသွားကြတာပေါ့"
"ဟုတ်ကဲ့"
ယာယီအတွင်းရေးမှူးဖြစ်တဲ့ ဟျူးနင်း ပြောတာတွေကို နားထောင်ပြီး ကုမ္ပဏီသွားဖို့ ပြင်ဆင်ရသည်။
နှစ်နှစ်ရှိခဲ့ပြီ။ သူ့ဘဝရဲ့ အဖိုးတန်လေး ပျောက်သွားခဲ့တာ နှစ်နှစ်တောင် ရှိသွားပြီ။
အခုချိန်ဆို ဘယ်လိုနေနေမလဲ အသက်ရှင်နေသေးရဲ့လား။ စတဲ့မေးခွန်းတွေနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေခဲ့ရတာ… သူ့ဘဝက ရှင်လျက်နဲ့ သေနေရသလိုပင်…
ကားမှန်ကို မှီလျက် အပြင်ကိုငေးကြည့်နေမိသည်။
"နည်းနည်း မြန်မြန်မောင်းပေးလို့ရမလား"
"သတ်မှတ်နှုန်းကို ရောက်နေပါပြီ သခင်လေး"
ဂျယ်ယွန်း စိတ်မရှည်နေတာသိတော့ ဒရိုက်ဘာကြီးက အမြန်နှုန်းထပ်တင်ပေးလိုက်ရသည်။ သို့ပေမယ့် သတ်မှတ်နှုန်းရောက်နေပြီမို့ ဒီထပ်ပို မြန်ဖို့ရာမှာ မဖြစ်နိုင်တော့…
"လောစရာမလိုပါဘူး အင်တာဗျူးက ကိုးနာရီမှ စမှာကို"
"အင်တာဗျူးကြောင့် လောနေတာ မဟုတ်ဘူး ဒီတိုင်း စိတ်ညစ်လို့"
"ဂျယ်ယွန်းရယ်…"
မန်နေဂျာချုပ် တစ်ဖြစ်လဲ သူငယ်ချင်းဖြစ်သူ ဟျူနင်းမှာ စိတ်မကောင်းမိ…
အရင်ကဆို ပျော်ပျော်နေတတ်တဲ့ ဂျယ်ယွန်းကသူ့ကလေးပျောက်သွားကထဲက အရင်လို ပုံစံမဟုတ်တော့တာ။
သားသမီးကို ဆုံးရှုံးလိုက်ရတဲ့ မိဘတွေရဲ့ ခံစားချက်က ဒီလိုဖြစ်သွားမှာပဲလေ…
◆◇◆◇◆◇◆◇
SIM Fashion & Beauty...
ဝင့်ထည်စွာရှ်ိနေတဲ့ ဆိုင်းဘုတ်ကြီးကိုကြည့်ပြီး ဟီဆွန်း အထဲဝင်ရမှာကို ကြောက်သလိုဖြစ်လာရသည်။
YOU ARE READING
You Can't... || JAKESEUNG ⟨Completed⟩
Fanfiction"She is my daughter" "But I'm her biological father" Enhypen Story Jake & Heeseung 15.3.2023 10.8.2023