| 17 |

174 26 8
                                    

<Uni>

ဟီဆွန်းရဲ့ ရေမွှေးတွေက တစ်နေ့တစ်ခြား ပိုပြီးရောင်းအားတက်လာခဲ့သလို ကုမ္ပဏီရဲ့ ဝင်ငွေကလဲ ပိုပြီးမြင့်တက်လာခဲ့သည်။

အရင်နေ့တွေလိုပဲ ဟီဆွန်းဖျော်ပေးတဲ့ ကော်ဖီကိုစောင့်နေတုန်း ဟီဆွန်းက အခန်းထဲ ဝင်လာခဲ့သည်။

"ဟင် ဘာလို့ milk teaလဲ"

"ဂျယ်ယွန်းရဲ့ ချိုမြိန်မှုလေး မဝင်လာခင် ကဖိန်းဓာတ်လွန်သွားမှာစိုးလို့ ကျွန်တော်က ချိုတာလေး ဝယ်ခဲ့ပေးတာ"

"ဒါပေမယ့်…"

"ရူး ဒီနေ့ကစပြီး ချိုတာပဲ သောက်တော့"

"ဘာလဲ… ဟီဆွန်းက ကျွန်တော့်ရဲ့ ချိုမြိန်မှုလေးဖြစ်ချင်လို့လား"

"မဟုတ်... မဟုတ်ပါဘူး ဘာတွေပြောနေတာလဲ အလုပ်သွားလုပ်တော့မယ်"

"ခဏနေပါဦး"

"ပြောစရာရှိသေးလို့လား"

"အင်း နေ့လည်စာစားချိန်ကျရင် တူတူစားမယ် ညနေ အိမ်ပြန်ရင် တူတူပြန်ရအောင် ကျွန်တော်လိုက်ပို့ပေးမယ်"

"အားနာစရာကြီး…"

"အားမနာပါနဲ့…"

"ကောင်းပါပြီ…"

ထိုစဉ်…

"ဂျယ်ယွန်း... ငါလာတယ်"

ဆိုသော အသံနဲ့အတူ ယွန်းရူဘီ ဝင်လာခဲ့သည်။

"ဘာလာလုပ်တာလဲ"

"ဘာလဲ ကိုယ့်ကောင်လေးဆီကိုတောင် လာလို့မရဘူးလား"

ပြောရင်းဆိုရင်းပင် ဆိုဖာတွင် စာရင်းထိုင်စစ်နေတဲ့ ဂျယ်ယွန်းဘေး ဝင်ထိုင်လိုက်သည်။

ဟီဆွန်း စိတ်ထဲတစ်မျိုးဖြစ်သွားပေမယ့် နှုတ်ဆက်လိုက်ပြီး အလုပ်လုပ်ဖို့ ထွက်လာလိုက်သည်။

ဂျယ်ယွန်းကတော့ ထွက်သွားတဲ့ ဟီဆွန်းကို ကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် ယွန်းရူဘီဘက်လှည့်ကာ…

"ဘာကိစ္စရှိလို့လဲ…"

"ဂျယ်ယွန်းကလဲ ဒီကလွမ်းလို့ လာတွေ့တဲ့ဟာကို"

"ပုံမှန်အတိုင်းနေစမ်းပါ ဒီလိုပုံစံကြီးကို စိတ်ပျက်လွန်းလို့"

You Can't... || JAKESEUNG ⟨Completed⟩Donde viven las historias. Descúbrelo ahora