| 3 |

203 28 7
                                    

<Uni>

အင်တာဗျူးကနေ ပြန်လာသော ဟီဆွန်းမှာ မနားနိုင်ပဲ အချိန်ပိုင်းအလုပ်ကို ပြေးရပြန်သည်။ အလုပ်ကရမယ်လို့ မသေချာတာကြောင့် လောလောဆယ် အချိန်ပိုင်းအလုပ်သာ ဆက်လုပ်နေရသည်။

ကော်ဖီဆ်ိုင်ဖြစ်တဲ့အပြင် နေ့ခင်းပိုင်းဖြစ်တာကြောင့် ဆိုင်က လူပါးနေသည်။

*ကလင်

"ကြိုဆိုပါတယ် ဘာများ အလိုရှိ… ဟင်…"

"မတွေ့တာကြာပြီနော် သားလေး"

"ဘာကိစ္စရှိလို့ပါလဲ…"

"သားကို သတိရလို့ လာတွေ့တဲ့ အမေကို အဲ့လိုပြောစရာလား"

ဟီဆွန်းက စိတ်လျော့လိုက်ပြီး ဆိုင်ထဲ တစ်ချက်ကြည့်လိုက်တယ်။ လူတိုင်း သူ့အာရုံနဲ့သူမို့ ဟီဆွန်းတို့ကို အာရုံစိုက်မနေတာ တော်သေးတယ်ပြောရမည်။

"အရင်ဆုံး ထိုင်ပါ ပြောချင်တာကို အေးဆေးပြောကြတာပေါ့"

အမျိုးသမီးကြီးက ဟီဆွန်းပြောသည်ကို လက်ခံလိုက်ပြီး စားပွဲတစ်ခုတွင် နေရာယူလိုက်သည်။

ဟီဆွန်းလဲ အမျိုးသမီးကြီး၏ မျက်နှာချင်းဆိုင်တွင် နေရာယူလိုက်ပြီး…

"ကျွန်တော့်ကို ဘာလို့ လာရှာတာလဲ"

"ပြောပြီးပြီမလား သတိရလို့ လာတွေ့တာလို့…"

"အဲ့တာ တစ်ခုထဲကြောင့်နဲ့တော့ လာတွေ့စရာအကြောင်းမှ မရှိတာ"

"တကယ်ကို အီဟီဆွန်း ပီသပါပေတယ် ဘာကိစ္စလဲဆိုတာ သိတယ်မလား"

ဟီဆွန်းမှာ ဒေါသကို မနည်းထိန်းထားရသလို အမျိုးသမီးကြီးမှာလဲ ဒေါသကို လျော့ထားရသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ထဲက ကျွန်တော်သေချာပြောခဲ့ပြီးပြီမလား အမေတို့ သမီးကိုလက်မခံပေးရင် ကျွန်တော့်ကိုလဲ စွန့်ပစ်လိုက်လို့"

"ဘယ်ချိန်ထိ ဒီလိုတွေလုပ်နေမှာလဲ အီဟီဆွန်း မင်းဘဝကို ဒီကလေးကြောင့်နဲ့ ဆုံးရှုံးခံတော့မှာလား"

"ကျွန်တော့် ကိစ္စမို့ ဝင်မပါရင်ကောင်းမှာပဲ…"

"ငါက နင့်အမေပါ အမေက ကောင်းစေချင်လို့…"

You Can't... || JAKESEUNG ⟨Completed⟩Where stories live. Discover now