<Uni>
Yoon Ruby Side...
"ငါတို့ အခုဘယ်လိုလုပ်မှာလဲ ဆုန်းဆူယောလ်သာ ဝန်ခံလိုက်ရင် ငါတို့အကုန်သေပြီပဲ"
"စိတ်အေးအေးထားစမ်းပါ ဆူယောလ်က ဝန်ခံမှာမဟုတ်ဘူး"
"ဘာလို့ အဲ့လောက် သေချာနေရတာလဲ"
"ဒီကောင်က သူ့သမီးကိုတော့ သိပ်ချစ်ရှာတာလေ သူ့သမီးကို အထိခိုက်ခံမှာမဟုတ်ဘူး"
"သေချာလား"
"မှားယွင်းဖူးတာရှိလို့လား"
"အရင်ကတော့ ရှိချင်မှရှိလိမ့်မယ် အခုတော့ အမှားတွေ ဆက်တိုက်ပဲမလား"
"နည်းနည်းလေး လွှဲချော်သွားရုံပဲရှိတာ"
"ဘာပဲဖြစ်ဖြစ် အလုပ်ကို ကောင်းကောင်းလုပ် အခုလောက်ဆို ဂျယ်ယွန်းက ငါ့ကို သံသယဝင်နေလောက်ပြီ"
100ရာခိုင်နှုန်း သေချာတာပေါ့။
●○●○●○●○
"ဂျယ်ယွန်း ရဲတွေဘက်က အကြောင်းမကြားဘူးလား"
"အင်း ကျွန်တော်လဲ စောင့်နေပေမယ့် ဘာမှမလာဘူး"
"ဒီပုံစံအတိုင်းဆို မဖြစ်တော့ဘူး ကျွန်တော် တရားခံနဲ့ တွေ့ကြည့်ပါ့မယ်"
"အဆင်ပြေပါ့လား…"
"ကြိုးစားကြည့်ရမှာပေါ့…"
●○●○●○●○
ထို့နောက် ဂျယ်ယွန်းနဲ့ ဟီဆွန်းတို့ ရဲစခန်းကို ရောက်လာကြသည်။
"တရားခံနဲ့ စကားပြောကြည့်ချင်လို့ပါ"
"ကောင်းပါပြီ…"
◆◇◆◇◆◇◆◇
အခန်းငယ်အတွင်း ဟီဆွန်းနဲ့ တရားခံအပြင် မည်သူမှမရှိနေ။
အားလုံးက အခြေနေကို စောင့်ကြည့်နေကြသည်။
"ဆူယောလ်ရှီး ဘာကြောင့် ကျွန်တော့်သမီးကို ပြန်ပေးစွဲခဲ့တာလဲ"
"ကျွန်တော့်မှာ ဖြေစရာ အဖြေမရှိဘူး"
"ကျေးဇူးပြုပြီးဖြေပေးပါ ဆူယောလ်ရှီး အခက်အခဲ တစ်ခုခုရှိလို့လား တစ်ယောက်ယောက်က ခြိမ်းခြောက်ထားလို့လား"
YOU ARE READING
You Can't... || JAKESEUNG ⟨Completed⟩
Fanfiction"She is my daughter" "But I'm her biological father" Enhypen Story Jake & Heeseung 15.3.2023 10.8.2023