| Prologue |

377 33 2
                                    

<Uni>

မိုးကောင်ကင်မှာ မှောင်မဲလို့ လေပြင်းများတိုက်နေပြီး မကြာခင် မိုးများသည်းထန်စွာ ရွာလာတော့မည်။

ထိုစဉ် အိမ်ကိုအပြေးအလွှားပြန်နေသော အမျိုးသားတစ်ယောက်...

အမြန်ပြေးလာသော်လဲ မိုးကရွာချေပြီ။

"အာ ထီးမပါလာရင် မိုးကရွာပြီ"

ပြေးနေရင်း လူရှင်းတဲ့ လမ်းကြားတစ်ခုနားကို ရောက်သော် ကလေးတစ်ယောက်ရဲ့ ငိုသံကို ကြားလိုက်ရသည်။

"ဟင် ဘယ်နားကပါလိမ့်"

ဟိုဟိုဒီဒီလိုက်ရှာကြည့်တော့ ပုံးအစုတ်လေးထဲမှာ ငိုနေတဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

အမျိူးသားလဲ ကလေးကို ပွေ့ယူလိုက်ပြီး သူ့အင်္ကျီဖြင့် ပတ်ထားလိုက်သည်။

"ဘာမှ မစိုးရိမ်နဲ့တော့နော် ကလေးလေး"

အမျိုးသားလဲ ဘာမှစဉ်းစားမနေတော့ပဲ ကလေးလေးကို အိမ်ခေါ်လာခဲ့တော့သည်။

●○●○●○●○

At Other's Side...

လူချမ်းသာ အိမ်တစ်အိမ်တွင်တော့ ပွက်လောရိုက်နေသည်။ အကြောင်းမှာ ထိုအိမ်ရဲ့ ကလေးလေး ပျောက်သွားခြင်းကြောင့်ပင်...

"အခုချိန်ထိ မတွေ့သေးဘူးလား ရှာကြစမ်းပါ ကလေးက ဘယ်ကိုသွားတတ်မှာမို့လို့လဲ"

ပြောဆိုအော်ဟစ်နေသော အမျိုးသားရဲ့ မျက်နှာမှာ လွန်စွာခက်ထန်နေပြီး စိတ်ပူနေဟန်တူသည်။

ထိုစဉ် အိမ်ထဲဝင်လာတဲ့ အမျိုးသမီးတစ်ယောက်...

"ဟေး စိတ်လျော့ပါ ဒီလို စိတ်တိုနေရင် မြန်မြန်အိုလိမ့်မယ်နော်"

"ကိုယ်က ဘယ်လိုလုပ် စိတ်လျော့ထားနိုင်မှာလဲ ကိုယ့်ကလေးက ပျောက်သွားတာနော်"

"တို့ သိပါတယ် သိလို့ရောက်လာတာလေ ဘယ်လိုဖြစ်သွားတာလဲ ပြောပါဦး"

"ဟူး မနက်က အရေးကြီး အလုပ်ကိစ္စပေါ်လာလို့ မဖြစ်မနေ ကုမ္ပဏီကို သွားခဲ့ရတယ် ပြန်လာတော့ ကလေးက မရှိနေဘူး ကလေးကို သေချာမကြည့်ထားကြဘူးလေ"

You Can't... || JAKESEUNG ⟨Completed⟩Tempat cerita menjadi hidup. Temukan sekarang