| 4 |

200 31 4
                                    

<Uni>

ဟီဆွန်း အိမ်ကို ပြန်ရောက်တော့ ဘောမ်ဂယူးရဲ့ အသံကအရင်စီးကြိုသည်။

"ရား အီဟီဆွန်း ပြန်လာတာနဲ့ အတော်ပဲ ဒီမှာ မင်း သမီး ဘာမွှေထားလဲ လာကြည့်"

"ဘာဖြစ်လို့…"

ဟီဆွန်းမှာ ပြောလက်စ စကားပင်ရပ်တန့်သွားရသည်။

"ရား ဒါယောင်းနား ဘယ်လိုဖြစ်ရတာလဲ"

ဘောမ်ဂယူးရဲ့ ဇာတ်ညွှန်းစာရွက်တွေမှာ ဒါယောင်း၏ ဆွဲဖြဲချင်းကိုခံထားရပြီး ပြန့်ကြဲနေသောကြောင့်…

"ဘောမ်ဂယူးရား ငါတောင်းပန်ပါတယ် သမီးက ငယ်သေးတော့ ဘာမှမသိ‌သေးလို့"

"ရား ငါတခြားဟာဆို ဘာမှမပြောပါဘူး ဒီဟာက မနက်ဖြန် စာမူအပ်ရမှာ"

"ဘောမ်ဂယူးရား ငါတောင်းပန်ပါတယ်"

ဟီဆွန်းမှာ မျက်နှာကို ငယ်နိုင်သမျှငယ်ထားရသည်။ မဟုတ်ရင် ဘောမ်ဂယူးက အမှုန့်ကြိတ်တော့မှာ

"ဟူး အရင်ဆုံး ငါ saveထားလား ပြန်ကြည့်ဦးမယ်"

ဘောမ်ဂယူး ထွက်သွားတော့မှာ ဟီဆွန်းမှာ သက်ပြင်းချနိုင်သည်။

"အီဒါယောင်း အမွှေစိန်လေး"

ဟီဆွန်းက ဒါယောင်း နှဖူးကို ခွပ်ဖွဖွတို့ပြီးပြောတော့ ဒါယောင်းက သဘောကျနေဟန် ရယ်နေသည်။

"ရယ်နိုင်သေးတယ်ပေါ့လေ"

.........

"ဘုရား သိကြားမလို့ saveထားမိတယ်"

"တော်သေးတာပေါ့… ဟဲဟဲ ဘောမ်ဂယူးရား လာထိုင်လေ ငါညစာပြင်ပြီးပြီ"

"ဟွန့် မျက်နှာချိုသွေးနေလိုက်"

"မဟုတ်ရပါဘူး… ဒါယောင်းရေ ထမင်းစားလေ သမီးရဲ့ ဘာလို့ ထမင်းကို ဆော့နေရတာလဲ"

"မင်း သမီးက မင်းနဲ့ တဖြည်းဖြည်းတူလာတာပဲ"

"ငါ့ သမီးပါဆို ငါနဲ့မတူလို့ ဘယ်သူနဲ့တူမှာလဲ"

"မသိဘူးလေ… ဒါနဲ့ အင်တာဗျူးက အဆင်ပြေခဲ့လား"

"ယုံကြည်ချက်တော့ သိပ်မရှိဘူး"

"ဘာမှမဖြစ်ဘူး တစ်ခုမရရင် တစ်ခုရမှာ စိတ်မပူနဲ့"

"ငါ စိတ်မပူပါဘူး ငါစိုးရိမ်နေယုံပါ သမီးရဲ့ အနာဂတ်အတွက် ဘာမှမလုပ်ပေးနိုင်မှာကို စိုးရိမ်နေယုံပါ"

You Can't... || JAKESEUNG ⟨Completed⟩Wo Geschichten leben. Entdecke jetzt