<Uni>
ပါတီမသွားခင် အိမ်ပြန်ပြီး မှာစရာရှိတာ မှာရသေးသည်။
"ဘောမ်ဂယူး ငါဘယ်ချိန် အိမ်ပြန်ရောက်မလဲ မသိလို့ သမီးကို ထမင်းကျွေးထားအုံးနော်"
"စိတ်မပူပါနဲ့ သမီးကို ငါအငတ်မထားပါဘူး"
"ခြေလက်ဆေးပေးဖို့လဲ မမေ့နဲ့အုံးနော်"
"ရား ငါသိပါတယ် သွားစရာရှိတာသွား စိတ်မပူနဲ့"
"သမီးရေ ပါပါးသွားပြီ လိမ်လိမ်မာမာနေခဲ့နော်"
တစ်နေရာရာ သွားမယ်ဆိုတိုင်း သမီးကို နှုတ်ဆက်ပြီးမှ သွားတတ်တာက အကျင့်လိုပင်ဖြစ်နေပြီ။
●○●○●○●○
"ကျွန်တော် ရောက်ပါပြီ Boss"
ဂျယ်ယွန်းရဲ့ အိမ်ကို ရောက်တော့ ဟီဆွန်း အံ့ဩနေမိသည်။ အိမ်က အရမ်းခမ်းနားသည်။ သို့ပေမယ့် နေထိုင်သူက တစ်ယောက်သာရှိသည်။
ဘယ်လောက်တောင် အထီးကျန်နေလိမ့်မလဲ။
"အွန်း သွားကြမယ်လေ"
"ဟုတ်..."
.........
ပါတီကိုရောက်တော့ ဂျယ်ယွန်းက စီးပွါးရေး လုပ်ငန်းရှင်တွေနဲ့ စကားလက်ဆုံကြနေသည်။
ဟီဆွန်းက သိတဲ့သူလဲမရှိတော့ ငြိမ်ငြိမ်လေး ထိုင်နေရသည်။
ဟျူးနင်းခါအီကတော့ ရောက်လာထဲက ပျောက်သွားသည်ဟု ဆိုရမည်။
ထိုစဉ် ဟီဆွန်းနားကို ကောင်လေးတစ်ယောက်ရောက်လာပြီး
"ဟီးဆွန်းဟျောင်း?"
"ဟင်"
"ဟီဆွန်းဟျောင်း ဟုတ်နေတာပဲ ကျွန်တော်က ဟုတ်မှဟုတ်ပါ့မလားလို့"
"ဟို…"
"ကျွန်တော့်ကို မမှတ်မိဘူးလား"
"ထယ်ဟျောန်း? ထယ်ဟျောန်း ဟုတ်တယ်မလား မှားမှာစိုးလို့ သေချာကြည့်နေတာပါ"
စိတ်ကောက်ချင်နေတဲ့ ကောင်လေးကို အမြန်ဖြေရှင်းချက်ပေးရသည်။
"မမှတ်မိရင် စိတ်ဆိုးဖို့ စဉ်းစားထားတာ"
"အခုထိ ဘာမှ မပြောင်းလဲသေးပါလား"
YOU ARE READING
You Can't... || JAKESEUNG ⟨Completed⟩
Fanfiction"She is my daughter" "But I'm her biological father" Enhypen Story Jake & Heeseung 15.3.2023 10.8.2023