| 15 |

176 26 1
                                    

<Uni>

"ဟင်… ဂျယ်ယွန်း?"

"မဆိုင်တဲ့ကိစ္စမလား မဆိုင်သလိုနေလေ ဘာလို့ ဝင်ပါနေတာလဲ"

"အင်း ဟုတ်တယ် ကျွန်တော်နဲ့ မဆိုင်တဲ့ကိစ္စ အဲ့တာကြောင့်မို့ ဝင်မပါဖို့လုပ်ထားပေမယ့် ဒီလိုအခြေနေဆိုတော့ ဆက်ကြည့်မနေနိုင်တော့လို့"

"မင်းက ဘာမို့လို့လဲ"

"ပြောစရာ မလိုဘူးထင်တယ် ကျွန်တော် ဘယ်သူလဲဆိုတာ"

"တောက်စ်! ရိုင်းလိုက်တာ လူကြီးကို ဒီလိုပဲ ပြောရသလား"

"ကျွန်တော့်လူကို လာထိမယ်ဆို ဒီထက်ပိုပြီး ရိုင်းပြနိုင်ပါတယ်"

"မင်း…"

"အိုမား ဒီလောက်နဲ့ပဲ ပြန်လိုက်ပါတော့"

"တောက်စ်!"

အီအိုမားက တောက်တစ်ချက်ခေါက်လို့ စိတ်တိုတိုနဲ့ ပြန်သွားခဲ့သည်။

"ဟီဆွန်း အဆင်ပြေရဲ့လား"

"ကျွန်တော် အဆင်ပြေပါတယ် ဘယ်လို ရောက်လာတာလဲ"

"ဒီတိုင်း လမ်းကြုံလို့ပါ"

လမ်းကြုံလို့ဆိုတာ အကြောင်းပြချက်သက်သက်ပဲဆိုတာ ဂျယ်ယွန်းတစ်ယောက်ထဲ သိသည်။

"ဟီဆွန်းကို တွေ့လိုက်လို့ လာနှုတ်ဆက်တာပါ"

"အားနာစရာ အခြေအနေနဲ့ ကြုံလိုက်ရတာပဲ"

"ကျွန်တော့်ကို အားနာစရာမလိုပါဘူး"

"ဟုတ်… ဒါဆို ဂျယ်ယွန်း သွားစရာရှိတာသွားပါ ကျွန်တော်လဲ သမီးကို နေ့လည်စာစားဖို့ ခေါ်သွားလိုက်ဦးမယ်"

"ဟို ကျွန်တော့်မှာ သွားစရာမရှိပါဘူး ဖြစ်နိုင်ရင် နေ့လည်စာကို ကျွန်တော် ဝယ်ကျွေးပါရစေလား"

"မဟုတ်တာ ကျွန်တော် ဝယ်ကျွေးပါ့မယ်"

"ကျွန်တော်ပဲ ဝယ်ကျွေးပါ့မယ်"

"အဲ့တာဆိုလဲ ကောင်းပါပြီ"

●○●○●○●○

စာမူတွေကို သေချာပြန်စစ်ပြီး အလုပ်ရှုပ်နေတဲ့ ဘောမ်ဂယူး…

"တော်ပါသေးတယ် အဆုံးသတ်နိုင်ခဲ့ပြီ"

သေချာပြန်စစ်ပြီး စာတိုက်ကို ဖုန်းခေါ်လိုက်တယ်။

You Can't... || JAKESEUNG ⟨Completed⟩Where stories live. Discover now