<Uni>
ရုံးပိတ်ရက်လဲ ဖြစ်သလို ဟန်နာဆုံးသည်မှာ နှစ်နှစ်နဲ့ ခြောက်လပြည့်တဲ့နေ့မို့ ဂျယ်ယွန်း ဟန်နာ့ဆီလာခဲ့သည်။
ဟန်နာအကြိုက်ဆုံး နှင်းဆီပန်းအဖြူရောင်တွေကလဲ မပါမဖြစ်…
ဂျယ်ယွန်း ပုံထဲက ဟန်နာကို ကြည့်ပြီး တောက်တောက်ပပ ပြုံးလိုက်သည်။
"ဟန်နာရား ကိုယ်လာတယ် မလာတာတော်တော်ကြာသွားတယ် ဟုတ်? ပရောဂျက်တစ်ခု လုပ်နေရလို့ပါ"
"သတင်းကောင်းအနေနဲ့ ကိုယ်တို့ ပရောဂျက် အောင်မြင်ခဲ့တယ် ပြီးတော့ အမြတ်တွေလဲ အများကြီးရခဲ့တယ်"
ဂျယ်ယွန်း သက်ပြင်းတစ်ချက်ချလိုက်ပြီး…
"ဟန်နာရား တကယ်တော့ ကိုယ်ဝန်ခံစရာရှိသလို တောင်းပန်စရာလဲရှိတယ်"
"ကိုယ်… ကိုယ် လူတစ်ယောက်ကို ထပ်ပြီးချစ်မိသွားပြီထင်တယ် ကိုယ်သူ့ကို မင်းကိုချစ်တာနဲ့ မတူတဲ့ အချစ်မျိုးနဲ့ ချစ်မိသွားတာပါ… သူက ဟန်နာ မင်းနဲ့ အရမ်းတူတာ တကယ် သူ့အနားမှာရှိနေရင် မင်းအနားမှာရှိနေရသလိုပဲ အေးချမ်းတယ်"
"တောင်းပန်ပါတယ် မင်းတစ်ယောက်ထဲကိုပဲ မချစ်နိုင်ခဲ့လို့"
"စိတ်မပူပါနဲ့ မင်းနေရာမှာ အစားထိုးတာမျိုးမဟုတ်လို့… ကိုယ်မင်းနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးပါဘူး အဲ့တာတစ်ခုတော့ ကတိပေးနိုင်ပါတယ်"
"ကိုယ့်ကို ခွင့်လွှတ်ပေးမယ်မလား ဟန်နာ…"
"ဟန်နာ ခွင့်လွှတ်ရင်တောင် ဂျီဟယ်ကရော ခွင့်လွှတ်ပါ့မလား ဂျီဟယ်လဲ ခွင့်လွှတ်ပေးလောက်မှာပါနော်"
"ဟန်နာရား ဂျီဟယ်ကို ကိုယ့်ဆီပြန်လာဖို့ ပြောပေးပါလားဟင် ကိုယ်အရမ်းလွှမ်းနေပြီမို့"
"ကိုယ် အရမ်းစကားများသွားတယ်မလား ဒီနေ့တော့ ဒီလောက်နဲ့ပြန်လိုက်တော့မယ်နော် နောက်နေ့မှ ထပ်လာခဲ့မယ်"
ပန်းစည်းလေးကို ဟန်နာ့ရှေ့ချပေးလိုက်ပြီး နောက်တစ်ကြိမ် ဟန်နာ့ကို ပြန်ကြည့်လိုက်မိတယ်။
ထိုနောက်တွင်တော့ ဓာတ်ပုံထဲက ပြုံးနေတဲ့ ဟန်နာကို ကျောခိုင်းပြီး အိမ်ပြန်လာခဲ့လိုက်တော့သည်။
YOU ARE READING
You Can't... || JAKESEUNG ⟨Completed⟩
Fanfiction"She is my daughter" "But I'm her biological father" Enhypen Story Jake & Heeseung 15.3.2023 10.8.2023