<Uni>
Fashion Showက ကောင်းကောင်းမွန်မွန်ပဲ ပြီးဆုံးသွားပြီး ဂျယ်ယွန်းတို့ကို စိတ်ဝင်စားတဲ့သူတွေလဲ များပြားလာခဲ့သည်။
●○●○●○●○
ရက်အနည်းငယ်ကြာတော့ ဂျယ်ယွန်း စောင့်ကြည့်ဖို့ လွှတ်ထားတဲ့သူကို ဖုန်းဆက်ပြီး…
"ယွန်းရူဘီကို စောင့်ကြည့်နေတာ ဘာသိရလဲ"
📱: ထူးထူးခြားခြား လှုပ်ရှားမှုမျိုးတော့ မရှိပါဘူး ဒါပေမယ့် ဒီအပတ်တွင်း လူတစ်ယောက်နဲ့ ခဏခဏတွေ့နေပါတယ်
"အင်း သူတို့က ဆက်ပြီးစောင့်ကြည့်ထား"
📱:ဟုတ်ကဲ့
ဟူး~ ဒီရက်ပိုင်း အိပ်မက်ဆိုးတွေက ဆက်တိုက်ကို မက်နေတာမို့ ဂျယ်ယွန်း အတော်ပင်ပန်းနေသည်။
"ဂျယ်ယွန်း နေမကောင်းဘူးလား"
"အင်း ခေါင်းကိုက်နေတယ်"
"ဆေးရုံသွားပြကြည့်မလား"
"တော်ပါပြီ ခေါင်းကိုက်ရုံနဲ့တော့ ဆေးရုံမသွားချင်ပါဘူး"
"အဲ့တစ်ခုထဲမှ မဟုတ်တာ ဒီရက်ပိုင်း ဂျယ်ယွန်း အရမ်းပင်ပန်းနေတယ်မလား ဝိတ်တောင်ကျသွားတယ် ပြီးတော့ ပုံမှန်လုပ်နေကြ medical checkလဲ မလုပ်တာကြာပြီမလား ဒီနေ့တစ်ခါထဲ လုပ်လိုက်ပါလားလို့"
"လုပ်စရာအလုပ်တွေ အများကြီးရှိသေးတယ်လေ"
"ဒီနေ့တစ်ရက်တော့ နားလိုက်ပါတော့ ကိုယ့်ကိုယ်ကိုယ် အရမ်းဖိအားမပေးပါနဲ့"
"အင်းပါ ဒီနေ့လုပ်လိုက်ပါ့မယ်"
"အဲ့လိုမှပေါ့ ကျွန်တော် ဘိုကင်လုပ်ထားလိုက်ပါ့မယ်"
ဟီဆွန်းလဲ ဆေးရုံကိုဆက်သွယ်လိုက်ပြီး ဘိုကင်ချိတ်ထားလိုက်သည်။
ဂျယ်ယွန်း ကြည်နူးမိတာတော့ အမှန်။ ဟန်နာမရှိတော့ကထဲက သူ့ကို ဒီလိုအသေးစိတ် ဂရုစိုက်ပေးမယ့်သူ မရှိတော့တာ။
အခုတော့ ဟီဆွန်းက သူ့ကို သေချာဂရုစိုက်ပေးတယ်ဆိုတော့ ရင်ထဲကြည်ကြည်နူးနူး ခံစားရသည်။
●○●○●○●○
At Hospital...
ဂျယ်ယွန်းကို ရောက်ရောက်ချင်း medical check တစ်ခုချင်းစီ လုပ်ပေးပြီး ဟီဆွန်းက အားဆေးပါ သွင်းခိုင်းထားတာမို့ အခု အားဆေးသွင်းနေရသည်။
أنت تقرأ
You Can't... || JAKESEUNG ⟨Completed⟩
أدب الهواة"She is my daughter" "But I'm her biological father" Enhypen Story Jake & Heeseung 15.3.2023 10.8.2023