| 33 |

213 16 2
                                    

<Uni>

တောင်ကုန်းတစ်လျှောက် မောင်းနှင်လာတဲ့ ကားလေးဟာ ဦးတည်ရာနေရာသို့ အရောက်မှာ ရပ်သွားခဲ့သည်။

ကားထဲကနေ ထွက်လာတဲ့ အမျိုးသားဟာ ချောတာထက်ကိုပိုသည်။။

ထို့အပြင် လက်တွင်လဲ ထိုအမျိုးသားနဲ့ တစ်ပုံစံထဲတူတဲ့ ချစ်စရာကလေးလေးတစ်ယောက်လဲ ပါပြန်သေးတယ်။

"သမီးရဲ့ Mommyကို သွားနှုတ်ဆက်ကြအောင်"

ဂျယ်ယွန်း သမီးကို နှစ်လိုဖွယ်ကောင်းအောင် ပြုံးပြလိုက်ပြီး အထဲဝင်ခဲ့လိုက်သည်။

"ဟန်နာရား... ကိုယ် မင်းကိုရင်ဆိုင်ဖို့ သတ္တိမရှိသေးပေမယ့် သတင်းကောင်းတစ်ခုပြောချင်လို့ ကိုယ်လာခဲ့တာ"

"ကိုယ်တို့သမီး အိမ်ပြန်လာပြီ... ဂျီဟယ် အိမ်ပြန်လာခဲ့ပြီ"

မျက်လုံးဝိုင်းလေးတွေနဲ့ လည့်ပတ်ကြည့်နေတဲ့ သမီးဖြစ်သူကို ကြည့်ပြီး ဂျယ်ယွန်း ပြုံးမိပြန်သည်။

"ကျေးဇူးတင်စရာ ကောင်းတာ ဘာလဲသိလား ဂျီဟယ်က တစ်လျှောက်လုံး ဟီဆွန်းနဲ့အတူ ရှိနေခဲ့တာလေ"

"အာ ဟီဆွန်းက ကိုယ်ပြောဖူးတဲ့သူလေ သူက မင်းနဲ့သိပ်တူတာ နွေးထွေးကြင်နာပြီး သတ္တိလဲရှိတယ် ကိုယ့်ကို ပျော်အောင်လဲ လုပ်ပေးတယ်"

"ဒါပေမယ့် စိတ်မပူပါနဲ့ မင်းရဲ့နေရာမှာ အစားထိုးလိုက်တာ မဟုတ်ပါဘူး ကိုယ်သူ့ကို ဘယ်သူနဲ့မှ မတူတဲ့ အချစ်မျိုးနဲ့ ချစ်မိသွားခဲ့တာ"

"အဲ့ဒီအတွက် ကိုယ့်ကို ခွင့်လွှတ်ပါနော် ကိုယ်မင်းကို မေ့ပစ်လိုက်မှာတော့ မဟုတ်ပါဘူး ဘယ်လိုပြောရမလဲ တစ်ပင်လဲမူ တစ်ပင်လဲထူ ဆိုသလိုပေါ့"

"ဟန်နာရား မင်းအတွက် တရားမျှတမှုရတော့မှာပါ ခဏပဲစောင့်တော့နော်"

"အာ ဒီနေ့တော့ ကိုယ်ဒီလောက်နဲ့ပဲ ပြန်လိုက်တော့မယ် ‌နောက်တစ်ကြိမ် ကိုယ်ပြန်လာခဲ့ရင် မင်းအတွက် တရားမျှတမှုကို အပါယူခဲ့ပေးပါ့မယ် ကတိပေးတယ်နော်"

"သမီးရေ မာမီ့ကို နှုတ်ဆက်လိုက်ပါဦး"

"မာမား? မာမား!"

You Can't... || JAKESEUNG ⟨Completed⟩Tahanan ng mga kuwento. Tumuklas ngayon