| 11 |

188 27 3
                                    

<Uni>

<Uni>

ဟီဆွန်းဟျောင်းနဲ့ ချိန်းထားသည်မို့ ထယ်ဟျောန်း ကော်ဖီဆိုင်ကို ရောက်လာသည်။

သို့ပေမယ့် ဟီဆွန်းအစား ဟျူးနင်းကို တွေ့လိုက်ရတော့…

"အာ ဟျူးနင်းခါအီရှီး လာတာပဲ"

"ကိုယ်လာတာ အဆင်မပြေလို့လား"

"အဲ့လိုမဟုတ်ပါဘူး ကိုယ်ရေးကိုယ်တာတွေ ဘေးဖယ်ထားပြီး အလုပ်အကြောင်းပဲ ပြောကြတာပေါ့"

"ကောင်းပါပြီ"

"ဒီမှာ ဒီဇိုင်းပုံတွေပါ ‌ဟီဆွန်းဟျောင်း ပြောသလို ရိုးရှင်းတဲ့ပုံစံမျိုး ဆွဲကြည့်ထားတာ"

"တော်တော်လေး အဆင်ပြေပါတယ် ဟျောင်းကို ပြကြည့်လိုက်ပါ့မယ်"

"ကောင်းပါပြီ"

"ထယ်ဟျောန်းက ပုံဆွဲတာ တော်တယ်နော်"

"ကျွန်တော် အထက်တန်းတုန်းက ပန်းချီကလပ်ဝင်ဖူးလို့ပါ"

"အော် ကျွန်တော်လဲ ဒီလိုအနုပညာအလုပ်တွေကို သဘောကျတယ် ထယ်ဟျောန်းကိုတော့ ပိုသဘောကျတာပေါ့"

"အာ တွေ့တိုင်း ဒါပဲပြောနေတာပဲ"

"တွေ့တိုင်းပြောတာတောင် ငြင်းပဲငြင်းနေခဲ့တာမလား"

"ဟို အဲ့ကိစ္စကို နောက်မှပြောကြတာပေါ့ အခု ကျွန်တော်အရင်သွားနှင့်တော့မယ်"

"အွန်း နောက်မှ တွေ့ကြမယ်"

●○●○●○●○

ဟီဆွန်း သွားစရာဆိုသောနေရာကား ကိတ်မုန့်ဆိုင်တစ်ခုပင်။

မျိုးစုံလှသော အရသာ၊ ပုံစံနဲ့ အမျိုးအစားတွေကို ကြည့်ပြီး ရွေးရခက်ပြန်သည်။

သမီးတော်က ကိတ်မုန့်အရမ်းကြိုက်သည်မို့ ဝယ်သွားပေးချင်လို့သာ။

"ဘယ်ဟာ ရွေးရမလဲ မသိတော့ဘူး"

"ဟီဆွန်း ဒီမှာ ဘာလုပ်နေတာလဲ"

"အာ ဂျယ်ယွန်း… တိုက်ဆိုင်လိုက်တာ"

"ကိတ်မုန့်ရွေးနေတာလား"

"ဟုတ် ကျွန်တော့် သမီးက ကိတ်မုန့်ကြိုက်လို့"

"ရွေးရခက်နေတယ်ထင်တယ် ဒါဆို ချောကလက်ရွေးဖို့ အကြံပေးချင်တယ် ချိုတာကြိုက်တဲ့ ကလေးတွေအတွက် ချောကလက်က အကောင်းဆုံးပဲလေ"

You Can't... || JAKESEUNG ⟨Completed⟩Donde viven las historias. Descúbrelo ahora