| 27 |

166 20 4
                                    

<Uni>

ဂျယ်ယွန်းနဲ့ ဟီဆွန်း ပန်းခြံထဲမှာ ထိုင်နေတာ အချိန်အတော်ကြာနေပြီ။

"ဂျယ်ယွန်း အဆင်ပြေရဲ့လား"

မေးသာမေးလိုက်ရတာပါ။ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ သိနေတာပဲ။

"ဟီဆွန်း ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဟင်"

"…"

"ဒီနှစ်နှစ်လုံးလုံး ကျွန်တော်အလိမ်ခံနေရတာပေါ့"

ပြောရင်းနဲ့ မျက်ရည်များ ဝေ့လာပြန်သည်။

"ကျွန်တော်‌ ဘယ်လို ဖြေသိမ့်ရမှာလဲ ဟန်နာ ထွက်သွားတာကိုတောင် လက်မခံနိုင်တာ အခုလို… အခုလိုဖြစ်သွားတယ်ဆိုတာကို ဘယ်လို ယုံကြည်လက်ခံနိုင်ရမှာလဲ"

"အခုချိန်မှာ ဂျယ်ယွန်းအတွက် နှစ်သိမ့်စကားတွေက အထောက်အကူမဖြစ်ဘူးဆိုတာ သိပါတယ် ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဂျယ်ယွန်းကို တတ်နိုင်သမျှ ကူညီသွားမှာ"

"…"

"ဂျယ်ယွန်း တစ်ယောက်ထဲ မဟုတ်ပါဘူး ဂျယ်ယွန်းမှ ကျွန်တော်ရှိပါတယ် အဲ့တာကြောင့် ဘာမှအားမငယ်ပါနဲ့ ကျွန်တော်က ဂျယ်ယွန်းအတွက် ရှိနေပေးမှာမို့"

"ကျေးဇူးတင်ပါတယ် ဟီဆွန်း တကယ်ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်ဖို့ မလိုတာကို"

ဂျယ်ယွန်းနည်းတူ ဟီဆွန်းလဲ စိတ်မကောင်းဖြစ်နေခဲ့သည်။

●○●○●○●○

"ဟန်နာရား ကိုယ်လာတယ်"

"ကိုယ်တောင်းပန်ပါတယ်… ဒီကြားထဲ ဘယ်လောက်တောင် ခံပြင်းနေလိုက်မလဲ ကိုယ်အရမ်း တုံးအခဲ့မိတယ်"

"ကိုယ် သေချာပေါက် မင်းအတွက် အမှန်တရားကို ဖော်ထုတ်ပေးမယ် ခဏလောက်စောင့်ပေးနော်"

"မင်းအပေါ် တာဝန်မကျေခဲ့လို့ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့"

အဆက်မပြတ် စီးကျလာတဲ့ မျက်ရည်တွေကိုလဲ မသုတ်ဖယ်မိတော့။

ရင်ထဲမှာ အရမ်းကို တင်းကြပ်နေပြီး နာကျင်နေရသည်။

ဘာလို့များ ဒီလောက်ထိ ဟန်နာနဲ့ သူ့‌အပေါ် ရက်စက်ကြရတာလဲ။

You Can't... || JAKESEUNG ⟨Completed⟩Where stories live. Discover now