<Uni>
အလုပ်စဆင်းတဲ့ ပထမဆုံးနေ့မှာ ဘောမ်ဂယူးဆီက suitတစ်စုံ လက်ဆောင်ရသည်။
"သဘောကျလား"
"အင်း သဘောကျတယ် သမီးလေး ပါပါး ကြည့်ကောင်းလား"
ဒါယောင်းက ခေါင်းညိတ်ပြသည်။
"အရမ်းကို ကြည့်ကောင်းပါတယ် အီဟီဆွန်းရယ်"
"ဟီး ငါသွားတော့မယ် ပထမဆုံးနေ့မှာ နောက်ကျနေလို့ မဖြစ်ဘူးလေ"
"အင်း ကြိုးစားခဲ့ ဖိုက်တင်း"
"ဖိုက်တင်း သမီးရေ ပါပါးသွားပြီနော်"
ဒါယောင်းက သူ့လက်ပိစိလေးတွေနဲ့ တာ့တာလုပ်ပြသည်။
"အိုက်ဂူး ချစ်စရာလေး"
ဟီဆွန်းလဲ ဘောမ်ဂယူးနဲ့ ဒါယောင်းကို နှုတ်ဆက်ပြီး ထွက်လာလိုက်သည်။
◆◇◆◇◆◇◆◇
"ဟူး ဟီဆွန်း မင်းလုပ်နိုင်တယ် ဖိုက်တင်း"
ဝင်ဝင်ခြင်း ကပြားရုပ်နဲ့လူနဲ့ တွေ့တော့ သူခေါ်တဲ့နောက် လိုက်ရသည်။
"အီဟီဆွန်းရှီး ဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ်"
"ကျွန်တော်က ဟျူးနင်းခါအီပါ အထွေထွေမန်နေဂျာချုပ် မသိတာရှိရင် မေးလို့ရတယ်နော်"
"ဟုတ် ကျေးဇူးတင်ပါတယ်"
"သက်တောင့်သက်သာ ပြောကြရအောင် ကျွန်တော်က 25နှစ်ပါ"
"ကျွန်တော့်ထက် ငယ်တာပဲ"
"ငယ်တာလား ကျွန်တော်က ပိုကြီးမယ်ထင်နေတာ"
"ကျွန်တော်က 26နှစ်ပါ"
"အဲ့တာဆို ဟျောင်းလို့ ခေါ်လို့ရလား"
"အွန်း ရပါတယ်"
"ဟုတ် ဟျောင်း ကျွန်တော့်ကိုလဲ ဟျူးနင်း ဒါမှမဟုတ် ခါအီလို့ခေါ်လို့ရတယ်နော်"
"အွန်း ဟျူးနင်း"
"ဝင်ကြရအောင် Bossစောင့်နေလောက်ပြီ"
.........
"Boss အီဟီဆွန်းရှီး ရောက်ပါပြီ"
"ဟုတ်ပြီ ထားခဲ့လိုက်"
VOUS LISEZ
You Can't... || JAKESEUNG ⟨Completed⟩
Fanfiction"She is my daughter" "But I'm her biological father" Enhypen Story Jake & Heeseung 15.3.2023 10.8.2023