<Uni>
တစ်လဆိုတဲ့အချိန်ကာလ ကုန်လွန်သွားပြီးနောက် ဟီဆွန်း ရေမွှေးကို အဆင်ပြေပြေ ထုတ်လုပ်နိုင်ခဲ့သည်။
ဂျယ်ယွန်းကလဲ ရေမွှေးကို သဘောကျသည်မို့ မကြာမှီ တရားဝင်တင်သွင်းတော့မည်ဖြစ်သည်။
စာရင်းသေချာစစ်နေတဲ့ ဟီဆွန်းနား ဂျယ်ယွန်းရောက်လာပြီး…
"ရေမွှေးကို အဆင်ပြေပြေ ထုတ်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ် ဟီဆွန်း"
"ဂုဏ်ပြုစကားပြောဖို့ရာ စောပါသေးတယ်"
"အခုဆို တစ်ဝက်လောက် အောင်မြင်နေပြီပဲလေ"
"ဒါပေမယ့် တရားဝင်ထုတ်လုပ်တဲ့ နေ့ကျမှ အဲ့စကားကို ထပ်ပြောပေးလို့ရမလား"
"အင်း ရတာပေါ့ ဘယ်အချိန်ဖြစ်ဖြစ် ရပါတယ်"
"ကျေးဇူးတင်ပါတယ်"
"ဟီဆွန်း အပြန်သွားစရာရှိလား"
"ဘာလို့လဲ ဟင်…"
"ဟို အကြိုဂုဏ်ပြုပွဲအနေနဲ့ ညစာတူတူစားမလား"
"အင်း ခဏလောက်တော့ အချိန်ရပါတယ်"
"ဒါဆို ညနေကျ စောင့်နေပါ့မယ်"
"ဟုတ်"
ဟီဆွန်း ပရောဂျက်စလုပ်တဲ့နေ့ကထဲက ဂျယ်ယွန်းက ဟီဆွန်းကို လာမကြိုခိုင်းတော့ပဲ ပြန်ရင်လဲ ကိုယ့်ဖာသာပဲ ပြန်လိုက်တော့သည်။ ထို့ကြောင့် စောင့်နေမည်ဟု ပြောခြင်းသာ။
●○●○●○●○
"ဆိုင် အပြင်ဆင်လေးက လှလိုက်တာ"
"ကျွန်တော့် အမျိုးသမီးရှိတုန်းက ခဏခဏ လာဖြစ်ခဲ့တဲ့ ဆိုင်လေ"
"အာ ဂျယ်ယွန်းရဲ့ အမျိုးသမီးက သဘောကောင်းမယ့်ပုံပဲနော်"
"အင်း အရမ်းသဘောကောင်းတဲ့အပြင် အရမ်းလဲလှတယ်…"
ဟီဆွန်းက ခေါင်သာညိမ့်ပြလိုက်ပြီး စားစရာရှိတာ ဆက်စားလိုက်သည်။
"ဟီဆွန်းရဲ့ အမျိုးသမီးကရော တစ်ခါမှလဲ မမြင်ဖူးပါလား"
"အာ ကျွန်တော်က လက်မထပ်ရသေးပါဘူး"
"ဟင် လက်မထပ်ရသေးဘူး? ဒါဆို ဒါယောင်းက"
"ကျွန်တော် မွေးစားထားတာပါ"
BINABASA MO ANG
You Can't... || JAKESEUNG ⟨Completed⟩
Fanfiction"She is my daughter" "But I'm her biological father" Enhypen Story Jake & Heeseung 15.3.2023 10.8.2023