<Uni>
"ဂျယ်ယွန်း ရဲစခန်းက ဆက်သွယ်လာတယ် ငါတို့အရင်သွားနှင့်မှာမို့ မင်းလိုက်ခဲ့လိုက်တော့"
ဟျူးနင်းက ဖုန်းဆက်လာပြီး ပြောတော့ ဂျယ်ယွန်းလဲ အချိန်မဆွဲတော့ပဲ တစ်ခါထဲ လိုက်သွားခဲ့လိုက်သည်။
ရဲစခန်းကိုရောက်တော့…
Jake"တရားခံဆီက ဘာတွေသိရပြီလဲ"
Tae"တရားခံက ဘာမှ မထွက်ဆိုပေးဘူး"
Kai"ငါထင်တာတော့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူ ရှိမယ်ထင်တယ်"
Jake"အင်း ဘာပဲဖြစ်ဖြစ် တစ်ခုခုသိရမှ ဖြစ်မှာ… ဟီဆွန်းရော"
Kai"အထဲမှာ…"
Jake"ငါ သွားကြည့်လိုက်ဦးမယ်"
Kai"အင်း…"
ဂျယ်ယွန်း အထဲဝင်သွားတော့ ထယ်ဟျောန်းက
"ဂျယ်ယွန်းရှီးက ဟီဆွန်းဟျောင်းကို သဘောကျနေတာများလား"
"ဘာလို့လဲ"
"အကြည့်တွေက ထူးခြားတယ်လေ ဟီဆွန်းဟျောင်းနဲ့ဆို အရောင်လက်နေတာ"
"သူများအကြောင်း စိတ်မဝင်စားပါနဲ့ ကိုယ့်ကို အဖြေပေးဖို့ပဲ စိတ်ဝင်စားပါ"
"ဟွန့် စဉ်းစားချိန်လိုသေးတယ်"
"အကြာကြီး မစဉ်းစားနဲ့လေ"
"စဉ်းစားချင် စဉ်းစားမှာပေါ့"
"ကိုယ့်ကို သနားပါဦး"
"မသိဘူး ဘာမှ လာမပြောနဲ့"
"ထယ်လို့…"
◆◇◆◇◆◇◆◇
ဂျယ်ယွန်း အထဲဝင်သွားတော့ ထိုင်စောင့်ဖို့ပေးထားတဲ့ ခုံမှာ ကလေးကို ပွေ့ထားပြီး ထိုင်နေတဲ့ ဟီဆွန်းကို တွေ့လိုက်ရသည်။
"ဟီဆွန်း…"
"အော် ဂျယ်ယွန်း ရောက်လာပြီလား"
"ကလေးရော အဆင်ပြေရဲ့လား"
ဟီဆွန်းရဲ့ ဘေးခုံမှာ ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။
"အင်း… ဘာမှ မထိခိုက်မိထားလို့ တော်သေးတာပေါ့"
သိပ်မကြာသေးခင်ကမှ ငိုထားတာမို့ ဟီဆွန်း မျက်နှာက နီနီရဲရဲလေး ဖြစ်နေသည်။
YOU ARE READING
You Can't... || JAKESEUNG ⟨Completed⟩
Fanfiction"She is my daughter" "But I'm her biological father" Enhypen Story Jake & Heeseung 15.3.2023 10.8.2023