<Uni>
"ဂျယ်ယွန်း..."
ရုံးခန်းထဲ ဝင်လာတဲ့ ယွန်းရူဘီကြောင့် ဂျယ်ယွန်းရဲ့ ကြည်လင်နေတဲ့ စိတ်တွေက မကြည်လင်နိုင်တော့ပေ။
"လာပြန်ပြီလား…"
"ဘာလို့လဲ ငါလာတာကို မကြိုက်ဘူးလား"
အေ မကြိုက်ဘူး။ မလာနဲ့လို့ ပြောပြန်ရင်လဲ ဂျယ်ယွန်းက လွန်တယ်ဖြစ်ဦးမယ်။
"ဟင်း ဘာကိစ္စရှိလို့လဲ"
"ဒီနေ့ အပြင်သွားရအောင်လေ"
"ငါ မအားဘူး"
"ဂျယ်ယွန်းကလဲ ဒီနေ့တစ်ရက်ထဲလေ နော်"
"မအားဘူးလို့ဆို…"
"လုပ်ပါ… အော် ဒီက အီဟီဆွန်းရှီး ဟုတ်ပါတယ်နော်"
Mike Teaလာပို့တဲ့ ဟီဆွန်းကို မေးလိုက်ခြင်းသာ။
Hee"ဟုတ်ပါတယ်… ဘာများ ကူညီပေးရမလဲ"
Ruby"ဂျယ်ယွန်းကို အပြင်လိုက်ပို့ပေးဖို့ ကူပြောပေးပါဦး ဟီဆွန်းရှီးရော တူတူလိုက်ခဲ့လေ ဟီဆွန်းမှာ သမီးလေးရှိတယ်လို့ ကြားတယ် ကလေးကိုပါ ခေါ်ခဲ့လေနော်"
Hee"ဟို ကျွန်တော့်မှာ သမီးရှိမှန်း ဘယ်လိုသိတာလဲ ဟင်"
Ruby"အာ ဝန်ထမ်းတွေ ပြောတာကြားလို့ပါ ကျွန်မက ကလေးချစ်တတ်လို့လေ ဖြစ်နိုင်ရင် ခေါ်ခဲ့လိုက်ပါနော်"
Jake"မင်း အရင်က ကလေးမချစ်တတ်ဘူး မဟုတ်လား"
Ruby"ဘာတွေ ပြောနေတာလဲ ငါအရင်ကရင် ကလေးချစ်တတ်ပါတယ်"
Jake"မဟုတ်သေးဘူး…"
Ruby"ဟီဆွန်းရှီး ခေါ်လိုက်ပါနော်"
Hee"အာ ဟုတ်"
Ruby"ဒါဆို ရူဘီ ကားပါကင်မှာ စောင့်နေမယ် ဆင်းလာခဲ့ကြနော်"
◆◇◆◇◆◇◆◇
"ဟယ်လို…"
📱: အင်း…
"အစီအစဉ် စပြီ"
"ငါသိပြီ…"
◆◇◆◇◆◇◆◇
Kai"ဂျယ်ယွန်း ဘယ်သွားမလို့လဲ"
Jake"ယွန်းရူဘီ အတင်းခေါ်လို့"
YOU ARE READING
You Can't... || JAKESEUNG ⟨Completed⟩
Fanfiction"She is my daughter" "But I'm her biological father" Enhypen Story Jake & Heeseung 15.3.2023 10.8.2023