| 8 |

191 25 3
                                    

<Uni>

:အစ်ကိုလေး အီဟီဆွန်းရောက်ပါပြီ

"အွန်း ဒီကို လွှတ်လိုက်"

:ဟုတ်

ဟီဆွန်းရောက်လာတော့…

"ဟီဆွန်း ကျွန်တော့်ကို နက်ကတိုင်စီးပေး…"

"ဗျာ ဟုတ် ဟုတ်"

နက်ကတိုင်စီးဖို့ အနားကပ်လာတဲ့ ဟီဆွန်းကို ဂျယ်ယွန်း သေချာကြည့်နေမိသည်။

ခံစားချက်ကြီးက ထူးဆန်းလိုက်တာ။ အဲ့ဒီ သမင်မျက်ဝန်းတွေက အရမ်းတောက်ပနေတာပဲ။

"အဟင်း ပြီးပြီ သွားကြမယ်"

"ဟုတ် မနက်စာကရော"

"လမ်းမှာပဲ စားလိုက်တော့မယ်"

"ကောင်းပါပြီ…"

●○●○●○●○

ဒီတလော ကိစ္စတော်တော်များ ဖြစ်ပျက်ခဲ့သည်မို့ ဂျယ်ယွန်း တော်တော်စိတ်ညစ်နေမိသည်။

ယွန်းရူဘီကလဲ ရုတ်တရက်ကြီး ဖွင့်ပြောလာပြီး ဂျယ်ယွန်းရဲ့ ပြိုင်ဘက် ဆောဂန်းဂျယ်ကလဲ ပြန်ပေါ်လာတယ်။ နှစ်အတော်ကြာ ခြေကုပ်နေခဲ့တာကို ရုတ်တရက်ကြီးပေါ်လာပြီး ထုတ်ကုန်အသစ် ထုတ်လိုက်တော့ လူတွေရဲ့ စိတ်ဝင်စားမှုက ဆောဂန်းဂျယ်ဆီရောက်ကုန်သည်။

"ဟီဆွန်း…"

"ဗျာ"

"လတ်တလော နံပါတ်တစ် ရောင်းအားအကောင်းဆုံး ထုတ်ကုန်က ဘာလဲ"

"WDရဲ့ လတ်တလော ထုတ်ကုန်ဖြစ်တဲ့ ရေမွှေးအသစ်ပါ"

"ဘယ်လောက်များ ကောင်းလို့ နံပါတ်တစ်ဖြစ်သွားရတာလဲ"

"အနံ့က မပြင်းပဲ အီအီလေးနဲ့ဆိုတော့ ကြိုက်ကြတယ်ထင်ပါတယ်"

"…"

"ဟို ကျွန်တော့်အမြင်အရဆို ကျွန်တော်တို့လဲ ရေမွှေးထုတ်သင့်ပါတယ်"

"ဟိုဘက်ကို အတုခိုးနေသလို မဖြစ်ဘူးလား"

"ဟင့်အင်း ကျွန်တော်တို့ ကုမ္ပဏီက အစထဲက နာမည်ရှိတဲ့ ကုမ္ပဏီပါ များသောအားဖြင့် နှုတ်ခမ်းနီ မိတ်ကပ် အဲ့လိုအလှကုန်လောက်ပဲ ထုတ်တာများတာမလား ဈေးကွက်မှာကြည့်လိုက်ရင် ကျွန်တော်တို့ ကုမ္ပဏီရဲ့ အလှကုန်က ရောင်းအားအမြင့်ဆုံးပါ ကျွန်တော်တို့အနေနဲ့ ရေမွှေးကို မထုတ်ဖြစ်သလောက်ရှားတယ် ဒီအတွက် ရေမွှေးကို လူတွေကြိုက်လောက်မယ်ပုံ ထုတ်လိုက်မယ်ဆို သေချာပေါက် နံပါတ်တစ်ဖြစ်မှာပါ"

You Can't... || JAKESEUNG ⟨Completed⟩Where stories live. Discover now