| 10 |

198 24 3
                                    

<Uni>

ဟီဆွန်း ရေမွှေးထုတ်လုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ထယ်ဟျောန်းနဲ့ တွေ့ဖို့ ကော်ဖီဆိုင်လာခဲ့လိုက်သည်။

"ဟျောင်း စောင့်ရတာကြာသွားပြီလား"

"အရမ်း မကြာသေးပါဘူး"

"ဟျူးနင်းဆီကနေ အကြမ်းဖျင်းလောက်တော့ သိထားတယ် ဟျောင်းက ဘယ်လို ဒီဇိုင်းမျိူးလိုချင်တာလဲ"

"သယ်ဆောင်ရတာ လွယ်ကူပြီး ပုံစံဆန်းတာမျိုးလေးပေါ့"

"အင်း ဒီဇိုင်းဆွဲကြည့်ပြီးရင် ဟျောင်းကို ဆက်သွယ်လိုက်ပါ့မယ်"

"ကူညီပေးလို့ ကျေးဇူးပါ"

"ရပါတယ် မဟုတ်ရင်တောင် စာမူတွေပဲ စစ်နေရလို့ စိတ်ဝင်စားဖို့ကောင်းတာလေး တစ်ခုခုရှိမလားရှာနေတာ အတော်ပဲဖြစ်သွားတယ်"

"တော်သေးတာပေါ့ အဲ့တာဆို ဟျောင်းသွားတော့မယ်နော် ပြီးမှ ဆက်သွယ်လိုက်မယ်"

"ဟုတ် ဟျောင်း ဖိုက်တင်း"

"ဖိုက်တင်း…"

◆◇◆◇◆◇◆◇

"ဒါ ဒီနေ့ရဲ့ အစီရင်ခံစာပါ"

မျက်မှောင်ကြုတ်ပြီး စစ်ဆေးပေးနေတဲ့ ဂျယ်ယွန်းကိုကြည့်ပြီး ရင်တုန်နေမိသည်။

"အင်း အနံ့ကို ထင်းရှူးဆီအနံ့ ရွေးထားတာတဲ့လား"

"ဟုတ်ပါတယ် ထင်းရှူးအနံ့နဲ့ ရေမွှေးက မရှိသလောက် ရှားတယ်မလား အဲ့တာကြောင့်ပါ ပြီးတော့ ဒုတိယပုံစံအတွက် ဆာကူယာအနံ့ပါ"

"အင်း မဆိုးပါဘူး ဆက်ကြိုးစားလိုက်ပါဦး ရလဒ်ကောင်းကို မျှော်နေမယ်"

"ဟုတ် ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး"

ဟီဆွန်းထွက်သွားတော့ ထိုင်ခုံနောက်မှီကို မှီကာ ဂျယ်ယွန်း အကြောလျော့မိသည်။

အီဟီဆွန်းက အလုပ်ကြိုးစားတယ်လို့ ပြောရမည်။ သင်လွယ်တတ်လွယ်ဆိုတော့ အလုပ်လုပ်ရတာလဲ အဆင်ပြေသည်။

◆◇◆◇◆◇◆◇

နမူနာတွေကို သေချာကြည့်ပြီး နမူနာအတိုင်း အဆင့်ဆင့်ထုတ်လုပ်ကြည့်သည်။

You Can't... || JAKESEUNG ⟨Completed⟩Where stories live. Discover now