// 1 //

7K 300 29
                                    

"" ဒီနှစ်တော့လိုက်မယ်မလား ယူဂျင်း """

မျှော်လင့်တကြီးမေးလာတဲ့အိုလီရဲ့
မျက်လုံးတောက်တောက်လေးတွေကိုမဝံ့မရဲ
ကြည့်ရင်း ယူဂျင်းအားနာစွာနဲ့ခေါင်းခါပြမိတယ်။

"" ဟင့်အင်း ငါမလိုက်တော့ဘူး """

"" ဟာ မင်းပဲ ကတိပေးထားပြီးတော့ """

"" စောရီးပါ အိုလီရယ်
ကိုကိုခွင့်မပြုလောက်ဘူးမလို့ """

"" လာပြန်ပြီ ဒီကိုကို!
အေး ရတယ် ထားလိုက်တော့ ""

ခပ်ပြတ်ပြတ်ပြောပြီးထထွက်သွားတဲ့
သူ့ရဲ့နှစ်ယောက်မရှိတဲ့သူငယ်ချင်းလေး
အိုလီကတော့စိတ်ဆိုးသွားတာသေချာ
‌သလောက်ရှိပေမဲ့သူဘာမှမတတ်နိုင်ခဲ့ဘူး။

တကယ်တော့ ဟုတ်တယ်။
မနှစ်ကသူအိုလီကိုကတိပေးခဲ့တာ။
နောက်နှစ်ကျောင်းလေ့လာရေးခရီးထွက်ရင်တော့သေချာပေါက်လိုက်ပေးမယ်လို့။

ဒါပေမဲ့ သူ့ကျောင်းသားဘဝတလျှောက်လုံးမှာကျောင်းစာကလွဲပြီးတခြားဘာactivityမှဝင် joinခဲ့ဖူးတာမျိုးမှမရှိခဲ့တာ။ ပြီးတော့ အဲ့လိုတွေ joinရင်ကိုကိုကလည်းမကြိုက်ဘူး။

သူအလယ်တန်းတုန်းကကျောင်းရဲ့ Soccer teamမှာပါချင်လို့ခွင့်တောင်းတုန်းက ကိုကို့ဆီကအဆူခံခဲ့ရတာကိုမှတ်မိသေးတယ်။ အဲ့တုန်းက သူမရမကဂျစ်တိုက်ခဲ့လို့ ကိုကိုသူ့ကိုစကားမပြောဘဲတစ်လတောင်ပစ်ထားခဲ့တာ။

အဲ့ကတည်းက သူ့ခေါင်းထဲစွဲသွားတဲ့အသိက
" ကိုကိုမကြိုက်ရင်ဘာမှမလုပ်တော့ဘူး " ဆိုတာပဲ။

ပြောရမယ်ဆို သူ့မိဘတွေဆုံးသွားပြီးကတည်းကကိုကိုတို့အိမ်မှာလိုက်နေခဲ့ရတာ။ အဲ့ဒီတုန်းကစခဲ့တာထင်ပါတယ်။ ကိုကို သူ့အပေါ်ဆက်ဆံတာ‌ရုတ်တရက်ပြောင်းလဲသွားခဲ့တာလေ။

ငယ်ငယ်ကဆို ဖေဖေဆူရင် သူ့ဘက်ကကာပြောပေးခဲ့တဲ့ကိုကို၊ ဖေဖေ့ကြောင့်ငိုရရင် သူစားချင်တာဝယ်ကျွေးပြီးချော့ခဲ့တဲ့ကိုကို၊ သူဘာလုပ်လုပ်အပြစ်မမြင်ဘဲအလိုလိုက်ခဲ့တဲ့ကိုကိုက ဖေဖေနဲ့မေမေဆုံးသွားတဲ့အချိန်ကစပြီး သူ့အပေါ်အရင်လောက်အလိုမလိုက်တော့သလို တရင်းတနှီးနေတာမျိုးလည်းမရှိသလောက်ရှားသွားတယ်။

Love of My Life [ Completed ]Where stories live. Discover now