"" ကျွန်တော်တို့လမ်းခွဲရအောင်ဟန်ဘင်းဟျောင်း ""
အလုပ်ခရီးကနေပြန်လာလာချင်းမှာပဲ ကြားလိုက်ရတဲ့စကားက ဟန်ဘင်းရဲ့ရင်ဝကိုဆောင့်ကန်လိုက်သလိုပင်။
သူ နားကြားမှားတာများလား?
အင်း... အဲ့လိုပဲဖြစ်မှာပါ သူနားကြားမှားတာနေမှာ"" မက်ထျူး ဘာ..ဘာပြောလိုက်တာလဲဟင် ""
နားကြားမှားတယ်အထင်နဲ့ပြန်မေးလိုက်ပေမဲ့လည်း ကြားလိုက်ရတဲ့စကားက သူပထမကြားလိုက်ရတဲ့စကားနဲ့ တစ်ထပ်တည်းဖြစ်နေခဲ့တယ်။
"" ကျွန်တော်တို့လမ်းခွဲကြရအောင်ပါ ""
"" ရုတ်တရက်ကြီး?? ဘာ...ဘာလို့လဲဟင် မက်ထျူး ဟျောင်း ဘာလုပ်မိလို့လဲ ""
ဟန်ဘင်းအခု မက်ထျူးကို နားမလည်နိုင်လွန်းလို့ရူးသွားတော့မလိုပင်။ သူအရင်လိုဆိုးနေခဲ့လို့ဆိုရင်လည်းထားတော့။ အခုက သူဒီလောက်ထိ တစ်ချိန်ကသူ့အပြစ်တွေသူဆင်ခြင်ပြီး အကောင်းဆုံးနေပေးခဲ့ရဲ့သားနဲ့ ဘာကဘယ်လို လမ်းခွဲရတဲ့အထိဖြစ်စေတာလဲဆိုတာ သူတကယ်မစဉ်းစားတတ်တော့ဘူး။
"" ပြောလေ မက်ထျူး... လမ်းခွဲချင်ရတဲ့အကြောင်းအရင်းကို ဟျောင်းကိုပြောပြ! ဟျောင်းတို့မနေ့ကအထိအဆင်ပြေပြေရှိနေခဲ့ကြတာပဲလေ.. ဘာလို့ရုတ်တရက်ကြီး ဟျောင်းနဲ့လမ်းခွဲချင်ရတာလဲ! ""
ဟန်ဘင်းစကားအဆုံးမှာတော့ မက်ထျူးက ဘာခံစားချက်မှမရှိတဲ့လူလို အသက်မဲ့စွာ ပြုံးပြလာခဲ့ကာ ဟန်ဘင်းမျက်လုံးတွေကိုစေ့စေ့ကြည့်ပြီးပြောလာခဲ့တယ်။
"" ဘာကြောင့်လဲဆိုတာ ကျွန်တော့်ပါးစပ်ကထုတ်ပြောမှဖြစ်မှာလား ဟျောင်းရဲ့... ကောင်းပါပြီ ဒါဆိုလည်း ကျွန်တော်ပြောပြရမှာပေါ့.. တကယ်တော့ကျွန်တော်ဟိုတနေ့က ဘန်ကောက်ကိုရောက်ခဲ့တယ်.. ဘာ fashion showမှမရှိတဲ့ဟိုတယ်ကနေကောင်မလေးတစ်ယောက်နဲ့အတူထွက်လာတဲ့ဟျောင်းကိုလည်းမြင်ခဲ့တယ် ""
ဒီတော့မှ ဟန်ဘင်းသဘောပေါက်သွားတော့တယ်။ တကယ်တော့ မက်ထျူးကသူ့ကိုအထင်လွဲနေတာပဲ။
"" မဟုတ်ဘူး မက်ထျူး! ဟျောင်း ရှင်းပြမယ် အဲ့နေ့က fashion showကရက်ရွှေ့လိုက်လို့မရှိတော့တာ မှန်တယ် ဒါပေမဲ့အဲ့ဒီကောင်မလေးဆိုတာက ဟျောင်းရဲ့ businesses partnerပါပဲ အဲ့ဒီဟိုတယ်ကသူ့အစ်ကိုပိုင်တာလေ အဲ့ဒါ ဟျောင်းနဲ့ အလုပ်ကိစ္စပြောဖို့အတွက် အဲ့ဟိုတယ်က restaurantမှာချိန်းလို့သွားတွေ့ခဲ့ရုံပါကွာ ""