// 7 //

1.9K 221 16
                                    

ဒေါက်ဒေါက်ဒေါက်------ဒေါက်

"" ယူဂျင်း ကိုကို့ကိုတံခါးမဖွင့်ပေးရင်
ကိုကို့ဘာသာသော့နဲ့ဖွင့်ပြီးဝင်လာမှာနော် ""

သို့ရာတွင် ဂယူဗင်း ယူဂျင်းအခန်းထဲ ခြေတစ်လှမ်းပဲချရုံရှိသေး ယူဂျင်းကအခန်းဝမှာရောက်နှင့်နေပြီးလက်ထဲကခေါင်းအုံးနဲ့ သူ့ကိုရိုက်တော့တာပဲ။

"" ထွက်သွား ထွက်သွား ထွက်သွား ထွက်သွား!! ""

"" အ! အ! ယူဂျင်း အ! အ! ""

"" ထွက်သွား!! နောက်တစ်ခါအဲ့သော့နဲ့ထပ်ဝင်လာဖို့လုပ်ရဲလုပ်ကြည့်! ကျွန်တော့်ကိုယ်ကျွန်တော်တစ်ခုခုလုပ်ပစ်လိုက်မှာ! မလုပ်ရဲဘူးမထင်နဲ့နော် ကျွန်တော့်မှာ ခဲတံချွန်တဲ့ဓားရှိတယ် ""

"" အဲ့လိုတွေလျှောက်မလုပ်ရ... ""

စကားတောင်မဆုံးလိုက်။
ယူဂျင်းကတံခါးကိုဘန်းခနဲပိတ်ချသွားတယ်။

အဲ့လိုနဲ့ ဂယူဗင်းခမျာ တံခါးရှေ့လေးမှာပဲ တံခါးဖွင့်ပေးဖို့ကိုအဆက်မပြတ်တောင်းဆိုနေမိတော့တယ်။

ဒေါက်ဒေါက်ဒေါက်------ဒေါက်

"" ယူဂျင်း ကိုကို့ကိုတံခါးဖွင့်ပေးပါ ""

"" ..... ""

"" ယူဂျင်း ကိုကိုပြောတာကြားလား
တံခါးဖွင့်ပေးလို့ ""

"" ..... ""

"" ယူဂျင်း ကိုကိုတောင်းပန်ပါတယ်ကွာ
တံခါးလေးဖွင့်ပေးပါ ""

"" ..... ""

"" အေး အဲ့ဒါဆို ကိုကိုဒီညထမင်းမစားဘဲနေလိုက်မှာနော်! ""

ထိုအခါကျ တံခါးတော့ပွင့်လာပါရဲ့။
ယူဂျင်းအခန်းတံခါးတော့မဟုတ်ဘူး။
ဂျီအုံးအခန်းတံခါး။

ဂယူဗင်းလှည့်ကြည့်လိုက်တော့
ဂျီအုံးက ဖုန်းထောင်ပြလာတယ်။

ဖုန်းထဲမှာ ယူဂျင်းပို့ထားတဲ့ message။

- ဟျောင်း သူများအခန်းရှေ့မှာအော်ဟစ်နေတဲ့တစ်ယောက်ကို ဒီစာလေးသွားပြပေးပါ -

- ထမင်းမစားဘဲနေရဲနေကြည့်!
ကျွန်တော်လည်းဆေးမသောက်ဘဲနေလိုက်မှာ -

"" အဲ့လိုမရဘူးလေ! ဟျောင်း အဲ့မှာဘာရပ်လုပ်နေတာလဲ လာပြီးကူပြောပေးဦးလေ ""

Love of My Life [ Completed ]Where stories live. Discover now