// 18 //

2K 254 25
                                    

ငယ်ငယ်တုန်းက ဦးလေးဆောင်းဟို ယူဂျင်းကိုရိုက်နေပြီဆို အန်တီဂျူအာတောင်ဝင်မဆွဲရဲပေမဲ့ ဂယူဗင်းကတော့ယူဂျင်းရှေ့မှာဝင်ကာပေးပြီးဒေါသထွက်နေတဲ့ဦးလေးဆောင်းဟိုကိုသတ္တိရှိရှိဖြင့်ရင်ဆိုင်ခဲ့တာချည်းပင်။

ပြီးတာနဲ့ ယူဂျင်းခေါ်ထုတ်လာ‌ပြီး ငိုနေတဲ့ကလေးကိုချော့တဲ့အနေနဲ့သူအမြဲပြောခဲ့တဲ့စကားက...

' မင်းဘက်မှာကိုကိုရှိတယ်
ကိုကိုကမင်းကိုအမြဲတမ်းကာကွယ်ပေးသွားမယ် '

ဆိုးလ်ကဆေးရုံကိုပြောင်းပြီးတစ်လကြာသွားတာတောင်သတိပြန်မရလာသေးတဲ့ ယူဂျင်းကိုမြင်တိုင်း သူ့နားထဲပြန်ကြားယောင်လာတဲ့စကားလို့‌ပြောရင်လည်းမမှားဘူး။

"" လျှာရိုးမရှိတိုင်းလျှောက်ပြောခဲ့တဲ့ကောင်..
အလကားကောင် ""

ဂယူဗင်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လိုက်ပါရင်း ခြောက်ကပ်ကပ်ထရယ်မိတယ်။

အဲ့ညကသာ....
သူ့ဘက်ကပြတ်ပြတ်သားသားရွေးချယ်ခဲ့ရင်...လို့တွေးမိတိုင်း စူးခနဲအောင့်လာတဲ့ ရင်ဘတ်ထဲကနာကျင်မှုက ပြောမပြတတ်လောက်အောင်ပင်။

သူ့ရဲ့ စက္ကန့်ပိုင်းလောက်တွေဝေနေခဲ့မှုက
ယူဂျင်းကိုအခုလိုအထိဖြစ်စေခဲ့တာ...

အရာအားလုံးက မပြတ်သားခဲ့တဲ့ သူ့ကြောင့်!!

မိဘတွေကိုဆုံးရှုံးလိုက်ရတဲ့အကြောင်းအရင်းဖြစ်လို့ traumaတစ်ခုလိုခြောက်လှန့်နေခဲ့တဲ့ car accidentဆိုတာကြီးကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရတဲ့အချိန်မှာ ယူဂျင်းလေးဘယ်လောက်တောင်မှကြောက်လန့်နေလိုက်မလဲ....

တွေးမိရုံနဲ့တင် ....ရူးမတတ်ခံရခက်တဲ့နာကျင်မှုကြောင့် ဂယူဗင်းကိုအသက်ရှူလို့မရတော့တဲ့အထိမွန်းကြပ်လာစေခဲ့ပါတယ်။

"" ဂယူဗင်း သား... အဆင်ပြေရဲ့လား ""

ရင်ဘတ်ကိုဖိကာ အသက်ကိုမနည်းရှူနေရတာနဲ့ ဂယူဗင်း ဒေါ်လေးမေးတာကိုတောင်ပြန်မဖြေနိုင်တော့ဘူး။

ထိုအချိန်မှာပဲ ဆေးရုံခန်းထဲဝင်လာသူ
ဂျီအုံးက အဆင်ပြေပုံမရတဲ့ ညီဖြစ်သူကိုမြင်မြင်ချင်း.. စိုးရိမ်တကြီးနဲ့ဆွဲထူလိုက်ကာ...

Love of My Life [ Completed ]Where stories live. Discover now