အနက်ရောင်တီရှပ်လေးကိုဝတ်ထားတဲ့
ကောင်လေးတစ်ယောက်ဟာ ဂယူဗင်းတို့အထက်တန်းကျောင်းရှေ့ကအုတ်ခုံလေးပေါ်မှာထိုင်လို့နေပါတယ်။ရင်းနှီးနေတဲ့ကျောပြင်လေးကြောင့်
ဂယူဗင်း ထိုကောင်လေးအနားတိုးသွားလိုက်ပြီး သူထင်နေတဲ့သူဟုတ်မဟုတ်အတည်ပြုမိတယ်။"" ဂျွန်ယောင်း? ""
မျက်လုံးဝိုင်းဝိုင်း၊မျက်ဆံနက်နက်လေးတွေနဲ့အတူ ပါးချိုင့်လေးပေါ်အောင်ပြုံးရင်းလှည့်ကြည့်လာခဲ့တဲ့ကောင်လေးဟာ ဂျွန်ယောင်းမှဂျွန်ယောင်းအစစ်။
"" ဂယူဗင်း ""
"" တကယ်မင်းပဲ!! လွမ်းနေခဲ့တာ ""
ရင်ထဲကလှိုက်ခနဲဝမ်းသာမှုအား ဂျွန်ယောင်းကိုပြေးဖက်ရင်း ဂယူဗင်းဖော်ပြဖြစ်ရာ
ဂျွန်ယောင်းကလည်း ပြန်ဖက်လာပါရင်း..
ဝမ်းပန်းတသာနဲ့ပြန်ဖြေခဲ့တယ်။"" ငါရောပါပဲ ""
နှစ်ယောက်သား အကြာကြီး ဖက်ထားပြီးတော့မှ ခွာလိုက်ကြကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိကြတယ်။
ခဏကြာတော့
ဂျွန်ယောင်းက ပြောလာပါတယ်။"" အဲ့ဒါက တကယ် အရမ်း ပင်ပန်းတယ်မလား ဂယူဗင်း... ယောက်ျားဖြစ်လျက်နဲ့ယောက်ျားတစ်ယောက်ကို ချစ်ရတာကလေ.... ""
ဂျွန်ယောင်းစကားကြောင့် ဂယူဗင်း မျက်နှာပေါ်ကအပြုံးတွေလည်း ရုတ်ချည်းပျောက်ကွယ်သွားရပြီး အတွေးထဲနစ်မြောသွားချိန်မှာပဲ ဂျွန်ယောင်းကထပ်ပြောလာခဲ့တယ်။
"" ငါလည်းအရမ်းပင်ပန်းခဲ့တာမလို့ ... အဲ့လိုလုပ်ခဲ့ရတာပါ.. အိပ်မက်တွေကိုအတူတူအကောင်အထည်ဖော်ကြမယ်ဆိုတဲ့ကတိကိုမတည်နိုင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်ဂယူဗင်း ""
ဂျွန်ယောင်းကပြောရင်းနဲ့ ဘယ်တုန်းကတည်းကဖွက်ထားမှန်းမသိတဲ့ဓားကိုထုတ်လိုက်ကာ သူ့လက်ကောက်ဝတ်သူလှီးဖို့ပြင်နေတာကိုမြင်လိုက်ရတာနဲ့....
"" ဂျွန်ယောင်း!!! မလုပ်ပါနဲ့!!! ""
ဂယူဗင်း လှမ်းတားလိုက်ပေမဲ့ မမှီတော့။
ပန်းထွက်လာတဲ့သွေးတွေဟာ သူ့မျက်နှာအထိလာစင်ခဲ့သလို သွေးမရှိတော့တဲ့မျက်နှာနဲ့အတူ ပြုံးပြနေခဲ့တဲ့ ဂျွန်ယောင်းမျက်နှာဟာလည်း ကြည့်ရက်စရာမရှိခဲ့။