ယူဂျင်း ညဘက်တရေးနိုးတော့
သူအိပ်ရာပေါ်ရောက်နေမှန်းသိလိုက်ရပြီး
အူကြောင်ကြောင်လေးဖြစ်သွားတယ်။စာမေးပွဲနီးတဲ့ရက်တွေဆို
အမြဲလိုလိုစာကြည့်စားပွဲမှာအိပ်ပျော်
သွားတတ်တာသူ့အကျင့်လေ။မနေ့ညကလည်း စာကြည့်စားပွဲမှာပဲ
အိပ်ပျော်သွားတာပါ။ဘယ်လိုကနေဘယ်လို
အိပ်ရာပေါ်ရောက်နေတာပါလိမ့်?
သူအမှတ်များမှားတာလား?နည်းနည်းထူးဆန်းနေပေမဲ့
ထွေထွေထူးထူးကိစ္စဟုတ်မနေတာကြောင့်
ခေါင်းရှုပ်မခံတော့ဘဲပြန်အိပ်လိုက်တော့တယ်။မနက်ရောက်တော့ မြည်နေတဲ့ alarm ကိုပိတ်ရင်းscreenပေါ်မှာမြင်လိုက်ရတဲ့ contact nameကြောင့်ယူဂျင်း ချက်ချင်းလက်ငင်းမျက်လုံးကျယ်သွားတယ်။
ကိုကို့ဆီကစာဝင်နေတာပဲ။
- Driverဂျောင်ကိုအလုပ်ထုတ်လိုက်တာမဟုတ်ဘူး အနားပေးလိုက်တာ သူတို့သားအမိကိုလစဉ်ထောက်ပံ့သွားဖို့လည်းဆုံးဖြတ်ထားတယ် အဲ့ဒါကြောင့် အခုကစပြီး Driverဂျောင်ကိစ္စကိုခေါင်းထဲကထုတ်လိုက်တော့ စာသေချာလုပ် စာမေးပွဲနီးပြီ -
စာကိုဖတ်ပြီး Driverဂျောင်ကိစ္စစိတ်အေးသွားရပေမဲ့လည်း လူချင်းတွေ့ရင်းပြောလို့ရနေတာကို စာနဲ့ပဲပို့ရလောက်တဲ့အထိ ကိုကိုကသူနဲ့အဆက်အဆံမလုပ်ချင်တာလားဆိုတဲ့အတွေးကြီးဝင်လာတာကြောင့်ယူဂျင်းဝမ်းနည်းသွားသလိုနည်းနည်းလေးတောင်စိတ်တိုမိသွားတယ်။
အဲ့ဒါကြောင့် ဘာမှရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ - အွန်း - တစ်လုံးထဲပြန်ပို့လိုက်ပြီး အိပ်ရာထဲမှာဟိုလှိမ့်ဒီလှိမ့်အကြောဆန့်နေတုန်းရှိသေး စာနောက်တစ်စောင်ဝင်လာပြန်တယ်။
- guideဆရာရော ဘယ်လိုနေလဲ အဆင်ပြေလား? -
ကြည့်! ထပ်လုပ်နေပြန်ပြီ! အိမ်ရောက်မှလူချင်းတွေ့ပြီးပြောလို့ရတဲ့ကိစ္စတွေကိုဘာဖြစ်လို့စာနဲ့ပဲပို့နေတာလဲ!!!!
ယူဂျင်းတော်တော်လေးလည်းဝမ်းနည်းလာသလိုဒေါသလည်းထွက်လာတာကြောင့် ဒီတစ်ခါတော့ ဘာစာမှပြန်မပို့တော့ဘဲဖုန်းပိတ်ပစ်လိုက်တော့တယ်။