အိမ်ရောက်ရောက်ချင်း
အမေကိုနှုတ်ဆက်ပြီးတာနဲ့
ယူဂျင်းနာမည်ကိုတဆာဆာအော်ပြီး
အပေါ်ထပ်တက်ဖို့ပြင်နေတဲ့ ဂျီအုံးရဲ့ခြေလှမ်းတွေကို ဂယူဗင်းကရှေ့မှာပိတ်ရပ်ပြီးတားပစ်လိုက်တယ်။"" ကလေး အခုစာသင်နေတယ်
သွားမနှောင့်ယှက်နဲ့ """" ဘာလဲ guideခေါ်ပေးထားတာလား ""
"" ဟုတ်တယ် ""
"" ဒါဆိုဘယ်အချိန်ပြီးမှာလဲ ""
"" 8ခွဲအထိ တစ်ခါတလေဆို 9နာရီထိသင်တယ် ""
"" အရမ်းနောက်မကျလွန်းဘူးလား ""
"" ယူဂျင်းကဆေးကျောင်းတက်မယ့်သူပါ ""
နှစ်ယောက်သား စကားတပြောပြောနဲ့
မီးဖိုချောင်ထဲလျှောက်လာကြရင်း
ဂျီအုံးက ရေသောက်ဖို့ ရေခဲသေတ္တာဖွင့်လိုက်ရာ မြင်လိုက်ရတဲ့မုန့်ထုပ်အပြုံလိုက်ကြောင့်
မျက်နှာရှုံ့မဲ့သွားတော့တယ်။"" ဘာလို့ မုန့်တွေအဲ့လောက်ဝယ်ထားတာလဲ
ငါ တကယ် မုန့်တွေမစားတတ်ပါဘူးဆိုမှ """" ဟျောင်းစားဖို့ဝယ်ထားတာလည်းမဟုတ်ပါဘူး ကျွန်တော်နဲ့ယူဂျင်းစားဖို့ ""
"" အေး အဲ့လိုပြောမှစားချင်လာတာ ""
ဂျီအုံး ပြောပြောဆိုဆိုနဲ့ ရေဘူးနဲ့အတူ
မုန့်ငါးထုပ်လောက်ပါဆွဲယူပြီး
အပေါ်ထပ်ပြေးတက်သွားတော့တယ်။ဂယူဗင်းကတော့ အခုထိကလေးစိတ်မကုန်သေးတဲ့သူ့အစ်ကိုကို လှမ်းကြည့်ရင်း ခေါင်းတခါခါနဲ့ကျန်ခဲ့ရတယ်။
မုန့်ဆိုမှ...
မနေ့ကသူဝယ်လာတဲ့ကိတ်လေးတွေရော
ယူဂျင်းစားလိုက်ပြီလား?သိချင်စိတ်ကြောင့်
ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့
ကိတ်လေးတွေရှိမနေတော့တာကြောင့်
ဂယူဗင်းသဘောတကျပြုံးလိုက်မိတယ်။_______________________
guideဆရာပြန်သွားတာနဲ့ယူဂျင်းက
ဂျီအုံးအခန်းဆီအပြေးလေးရောက်လာတယ်။"" ဟျောင်း ဘာတွေလုပ် ""
"" ဒီမှာလေ အသစ်ထုတ်မယ့် product တွေကိုအသေးစိတ်ပြန်စစ်နေတာ ""