ဆေးရုံရောက်ကတည်းက ဂယူဗင်းဘေးနားမှာပဲ ကျောက်ရုပ်တစ်ရုပ်လိုမလှုပ်မယှက်ထိုင်နေတဲ့ယူဂျင်းကိုကြည့်ပြီး ဂျီအုံးစိတ်ပူလာတယ်။
"" ယူဂျင်း.. ယူဂျင်း ""
ပခုံးကိုခပ်ပြင်းပြင်းလေးဆွဲလှုပ်လိုက်တော့မှ အသိစိတ်ပြန်ဝင်လာတဲ့သူလို သူ့ကိုမော့ကြည့်လာပါရဲ့။
"" တစ်ညလုံးမအိပ်ရသေးဘူးဆို?
အိမ်မပြန်ချင်ဘူးဆိုလည်း ဆိုဖာပေါ်မှာအခုသွားအိပ်လိုက်နော် လိမ္မာတယ် """" ဟင့်အင်း ကိုကိုနိုးလာမှအိပ်မယ်
ဒါနဲ့ဟျောင်း.. ကိုကို့နားထင်နားမှာကျွန်တော်တစ်ခါမှမမြင်ဖူးတဲ့အရာကြီးတွေ့တယ် အဲ့ဒါဘာဖြစ်တာလဲ.. """" အဲ့ဒါက.. ""
"" အဲ့ဒါက ဘာဖြစ်လဲ ဟျောင်း
ကျွန်တော့်ကိုပြောပြပါ အဲ့ဒါအမာရွတ်မလား
ဟုတ်တယ်မလား ""ဘယ်တုန်းကရခဲ့တဲ့ အမာရွတ်လဲဆိုတာသိနေတဲ့ ဂျီအုံးအဖို့ ချက်ချင်းပြောထွက်ဖို့ရာ တော်တော်လေးအချိန်ယူလိုက်ရတယ်။
"" အဲ့ဒါကတကယ်တော့ ပြင်သစ်မှာ car accident ဖြစ်ပြီးရခဲ့တဲ့အမာရွတ်.. ""
"" ပြင်သစ်မှာ? ဒါ..ဒါဆိုရင်.. ""
"" ဟုတ်တယ် အမှန်တော့ ဂယူဗင်းကမင်းမွေးနေ့ကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး.. မွေးနေ့အမှီပြန်လာဖို့လည်းလေယာဉ်လက်မှတ်ဖြတ်ထားပြီးသားကို အဲ့နေ့ကျမှ လေယာဉ်ကွင်းကိုသွားတဲ့လမ်းမှာ accident ဖြစ်ပြီးဆေးရုံရောက်သွားလို့ birthday wishတောင်မပို့နိုင်ခဲ့တာပါယူဂျင်းရယ် ""
သူလုံးဝကိုထင်မထားတဲ့အဖြစ်မှန်ကြောင့်
ယူဂျင်း shockအကြီးကြီးရသွားခဲ့တယ်။"" အဲ့ဒါ ဘာလို့ အခုမှပြောရတာလဲ ဟျောင်းရဲ့!! ""
"" မင်းကိုကိုကမပြောဖို့မှာထားလို့.. မင်းမိဘတွေကိုလည်း car accidentကြောင့်ဆုံးရှုံးခဲ့ရတာမလို့ သူနိုင်ငံရပ်ခြားမှာ car accidentဖြစ်ခဲ့တာကိုမင်းသိသွားရင် အလုပ်ကိစ္စနဲ့ခရီးထွက်ရတိုင်း မင်းသူ့ကိုစိတ်ပူနေမှာစိုးလို့မပြောပါနဲ့တဲ့လေ ""
ဂျီအုံးစကားအဆုံး ယူဂျင်းမှာ
မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလာတော့တယ်။