အပေါ်ထပ်ကဝုန်းဒိုင်းကြဲနေတဲ့အသံတွေကြောင့်အောက်ထပ်ဧည့်ခန်းမှာ dramaကြည့်နေတဲ့ဒေါ်လေးယူရာလည်း မနေနိုင်တော့ဘဲ အပေါ်ထပ်ပြေးတက်လာခဲ့ရာ ဆူညံသံတွေအကုန်လုံးက ဂယူဗင်းအခန်းကဖြစ်နေတာကိုသိလိုက်ရတယ်။
ဒေါက်--ဒေါက်----ဒေါက်
"" သား ဂယူဗင်း.. ဒေါ်လေးပါ တံခါးဖွင့်ပါဦး
သားရေ ဒေါ်လေးပြောနေတာကြာလား ဂယူဗင်း ""ဘယ်လောက်အော်ပြောပြောပွင့်မလာတဲ့တံခါးကြောင့် ယူရာစိတ်ပူပြီး သူမအခန်းထဲကသော့အပိုကိုပြေးယူကာ ကိုယ်တိုင်ပဲဖွင့်ဝင်လိုက်တော့တယ်။
အခန်းထဲရောက်ရောက်ချင်းမှာပဲ အကျိုးအပဲ့ အပျက်အစီးတွေနဲ့ရှုပ်ပွနေတဲ့ အခန်းအခြေအနေအပြင် သွေးတွေစီးကျကာယောင်ကိုင်းနေတဲ့ ဂယူဗင်းရဲ့ညာဘက်လက်ခုံကိုမြင်လိုက်ရပြီး ယူရာ shockရသွားရတယ်။
"" ဘုရားရေ!! ဘာတွေလျှောက်လုပ်နေတာလဲ သားရဲ့!!! လက်တစ်ခုလုံးလည်း... ""
ထိုအချိန်မှာပဲ မျက်ရည်တွေပြည့်လျှံနေတဲ့မျက်ဝန်းတွေနဲ့အတူသူမကိုမော့ကြည့်လာတဲ့ဂယူဗင်းကြောင့် ယူရာ့မှာစကားဆုံးအောင်တောင်ဆက်မပြောနိုင်တော့ဘူး။
ဂယူဗင်းမျက်ရည်ကျတာကိုမြင်ရတာ သူမအတွက်မယုံကြည်နိုင်စရာကောင်းလှတဲ့ဖြစ်ရပ်တစ်ခုလိုပဲ။ ငယ်ငယ်လေးကတည်းကနေအခုချိန်အထိ ဂယူဗင်း သူမရှေ့မှာမျက်ရည်ကျခဲ့တဲ့အရေအတွက်ကလက်ချိုးရေလို့ရတဲ့အထိရှားခဲ့တာ။
"" သား ဘာဖြစ်လို့လဲ ဘာပြဿနာရှိလို့လဲ
ဒေါ်လေးကိုပြော ""
"" ယူဂျင်းကကျွန်တော့်ကြောင့်သူ့ဝါသနာကိုစွန့်လွှတ်ခဲ့တာတဲ့... အဲ့ဒါကိုသိရက်နဲ့တောင် ကျွန်တော်က သူဖြစ်ချင်တာကိုလုပ်ခွင့်မပြုနိုင်ခဲ့ဘူး... အဲ့လိုနဲ့ ယူဂျင်း ကျွန်တော့်ကိုမုန်းသွားတော့မယ်ထင်တယ် ဒေါ်လေးရယ် ""ငိုသံစွက်ကာပြောလာရင်း မျက်ရည်တွေကျလာခဲ့တဲ့တူလေးကိုမကြည့်ရက်တော့တဲ့အဆုံး ယူရာ ဂယူဗင်းကို ဆွဲဖက်ထားပေးလိုက်တော့တယ်။
ဟိုးငယ်ငယ်လေးကတည်းက သူမလက်ပေါ်မှာကြီးလာတဲ့ တစ်ဦးတည်းသော တူလေးရဲ့အကြောင်းသူမအသိဆုံး။
