ယူဂျင်း ကျောင်းသွားခါနီး ဂယူဗင်းက phone stand တစ်ခုကိုလွယ်အိတ်ထဲလာထည့်ပေးနေတာကြောင့်ထူးဆန်းပြီးမေးလိုက်တယ်။
"" အဲ့ဒါကြီးကဘာလုပ်ဖို့လဲ ""
"" ကျောင်းရောက်တာနဲ့ ကိုကို video call ခေါ်ရင်ကိုင်ပြီး ဖုန်းကိုမင်းရှေ့မှာထောင်ထားဖို့.. အတန်းပိုင်ကိုလည်းခွင့်တောင်းထားပြီးပြီမလို့ ကျောင်းဆင်းတဲ့အထိခေါ်ထားမှာ ချပစ်ဖို့စိတ်မကူးနဲ့ ""
"" အမ် ဘာလို့အဲ့လိုကြီးခေါ်ထားမှာလဲ ""
"" အခုမှနေကောင်းပျောက်ခါစလေ
ထပ်ဖျားရင်ဘယ်လိုလုပ်မလဲ """" ဒါပေမဲ့ တစ်နေကုန်ကြီး ကျွန်တော့်ကို ဖုန်းထဲကနေစောင့်ကြည့်နေမှာကြီးကျ.. ""
"" တော်ပြီ ထပ်မပြောနဲ့တော့! ငါပြောတဲ့အတိုင်းလုပ်! မင်းမှာဘာမှအထွန့်တက်ပိုင်ခွင့်မရှိဘူး.. အခု အားလုံးပြီးပြီဆို အိမ်ရှေ့ထွက်ခဲ့တော့ ကားထဲမှာစောင့်နေမယ် ""
"" မစောင့်နဲ့ Driverမင်နဲ့ပဲသွားလိုက်မယ် ""
ထိုအခါ ဂယူဗင်းက မျက်နှာသေနဲ့လှည့်ကြည့်လာကာ အေးစက်စက်ပဲပြန်ပြောတယ်။
"" ငါဒေါသမထွက်ချင်ဘူးနော် ဟန်ယူဂျင်း ""
"" သူ့စိတ်ချည်းပဲ ""
"" ဘာပြောလိုက်တယ်? ""
"" အရင်သွားစောင့်နှင့်လို့ ""
အဲ့လိုနဲ့ပဲ ယူဂျင်းကားပေါ်တက်လာတဲ့အချိန်ကစပြီး ကျောင်းရောက်တဲ့အထိ တစ်နေကုန် နှစ်ယောက်ကြားက အသံတိတ်စစ်ပွဲစတော့တယ်။
အစကတော့ နားချိန်တွေမှာ ဂယူဗင်းက စကားလှမ်းပြောပေမဲ့ ယူဂျင်းက အင်း၊သိပြီ၊ဟင့်အင်းကိုပဲအလှည့်ကျဖြေနေလို့ နောက်ပိုင်းကျ ဂယူဗင်းကပါဘာစကားမှမပြောတော့ဘူး။
ကျောင်းလာကြိုတဲ့အချိန်ကျမှ ဂယူဗင်းဘက်ကအသံပြန်ထွက်လာတယ်။
"" အခုလာကြိုဖို့ထွက်လာနေပြီမလို့
ဖုန်းချလိုက်လို့ရပြီ """" သိပြီ ""
ယူဂျင်းဘက်ကလည်းအပိုအလိုမရှိပြန်ဖြေပြီးတာနဲ့ဖုန်းချသွားတာမြန်ချက်ပဲ။မသိရင်ဖုန်းချဖို့ကိုအချိန်အကြာကြီးစောင့်နေခဲ့ရတဲ့အတိုင်း။